သစ္စာဖောက်ခံရသလို ခံစားရကြောင်း အီးယူဥက္ကဋ္ဌပြော

  • 29 ဇွန် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးမှု မပျက်ပြားမီ လွန်ခဲ့တဲ့ တစ်ပတ်က ဂရိ ဝန်ကြီးချုပ် (ဝဲ)နဲ့ အီးယူ ဥက္ကဋ္ဌ။

ဂရိ ကြွေးမြီအရေး ဆွေးနွေးမှုတွေမှာ ဂရိရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် မအောင်မမြင် ဖြစ်ခဲ့ရတဲ့ အပေါ် သစ္စာဖောက် ခံရသလို ခံစားရတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က ပြောလိုက်ပါတယ်။

ယူရိုဇုန် ဘက်က အဆိုပြုတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်မယ့် ဂရိ လူထု ဆန္ဒ ခံယူပွဲမှာ ထောက်ခံမဲ ပေးကြဖို့လည်း ယန်ကလော့ ယွန်ကာက ဂရိ ပြည်သူတွေကို တောင်းဆို လိုက်ပါတယ်။

အီးယူနဲ့ IMF တို့ဘက်က အဆိုပြုတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို လက်မခံခဲ့တဲ့ ဂရိ ဝန်ကြီးချုပ် Alexis Tsipras က အဲဒီ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ အပေါ် လူထု သဘောထား ကောက်ခံဖို့ ဆန္ဒခံယူပွဲ ခေါ်ယူထားတာပါ။

အခု ဇွန်လ ၃၀ ရက်မှာ ဂရိ အနေနဲ့ ငွေပြန်ဆပ်ရန် ပျက်ကွက်တဲ့ အခြေအနေကို ရောက်ရှိမှာ ဖြစ်ပြီး ဂရိဘဏ်တွေကို တစ်ပတ်ကြာ ပိတ်ထား လိုက်ပါတယ်။

ဒါပေမယ့် ယန်ကလော့ ယွန်ကာက ဂရိအနေနဲ့ ဥရောပဇုန်ကနေ ထွက်ခွာတဲ့ နည်းလမ်းဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ကြောင်း ဆက်လက် ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ