ဥ​ရော​ပ​ခေါင်းဆောင်​တွေ ဝေဖန်​မှု​ကို ဂ​ရိ​တုန့်​ပြန်

  • 29 ဇွန် 2015
tsipras_greece_referendum_ ဓာတ်ပုံ မူပိုင် EPA
Image caption ဂရိ ကို သာ ယူရို ငွေကြေး စျေးကွက် နိုင်ငံတွေ အုပ်စု ကနေ ထုတ် လိုက် ရင် နောက် ဆက် တွဲ ထိခိုက် နိုင် မှာ တွေ က အင်မတန် ကြီး လို့ ဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆီးပရပ်စ် က ပြော

ဂရိ နိုင်ငံ ရဲ့ ကြွေးမြီ ပြဿနာ ကို ဂရိ အစိုးရ ကိုင်တွယ် ပုံ နဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင် တွေ ရဲ့ ဝေဖန် မှု ကို ဂရိ ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် က ပြန်လည် တုန့်ပြန် လိုက် ပါတယ်။

တစ်နာရီ ကြာ ပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြား တွေ့ဆုံ မေးမြန်းခန်း မှာ မစ္စတာ ဆီးပရပ်စ် ဟာ ဂရိ ရဲ့ မြီရှင် တွေ အနေနဲ့ ဂရိ ကို ယူရို ငွေကြေး စျေးကွက် နိုင်ငံတွေ အုပ်စု ကနေ ထုတ် ပစ် မယ် လို့ သူ မယူဆ ဘူး ဆိုပြီး ပြောပါတယ်။

တကယ်လို့ ဂရိကိုသာ ထုတ်လိုက်ရင် နောက်ဆက်တွဲ ထိခိုက်နိုင်မှာ တွေက အင်မတန် ကြီး လို့ ဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆီးပရပ်စ် က ပြောပါတယ်။

နိုင်ငံတကာ မြီရှင် တွေ အကြံပြု ထားတဲ့ ဂရိ ဘဏ်တွေ ကို ကယ်ဆယ်ရေး အစီအစဉ် သစ် ကို လက်ခံရမလား ဆိုတာ ကို ဆုံးဖြတ် နိုင်ဖို့ ပြုလုပ်မယ့် ဂရိ ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကနေ ထွက်ပေါ် လာမယ့် ရလာဒ် အပေါ် မူတည် ပြီး မြီရှင် တွေ နဲ့ အကြား နောက်ထပ် ညှိနှိုင်း မှု တွေ ပြုလုပ် မှာ ဖြစ်တယ် လို့ မစ္စတာ ဆီးပရပ်စ် က ဆိုပါတယ်။

ဥရော ပ ခေါင်းဆောင် တွေ ကတော့ ဂရိ အစိုးရ ရဲ့ လုပ်ရပ် တွေ ဟာ ဥရောပ တစ်ခု လုံးရဲ့ အနာဂတ် ကို အန္တရာယ် ဖြစ် အောင် တွန်းပို့ နေတယ် ဆိုပြီး သတိပေး ထားပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ဆီးပရပ်စ် ကတော့ အဲဒီလို စွပ်စွဲ ပြစ်တင် မှု တွေ ဟာ ဂရိ အပေါ် အကြပ်ကိုင် ခြိမ်းခြောက် နေကြတာ သာ ဖြစ်တယ် လို့ ပြောထား ပြီး ဂရိ နိုင်ငံသား တွေ အနေနဲ့ လည်း စိတ်အေးအေးထားပြီး တည်တည်ငြိငြိမ် ရှိကြ ဖို့ တိုက်တွန်း ထားပါတယ်။

ဒီ အချိန် မှာပဲ ဂရိ နိုင်ငံ အေသင် မြို့တော် မှာ အစိုးရ ကို ထောက်ခံ သူ ထောင်ပေါင်း များစွာ ဟာ ပါလီမန် အဆောက်အဦ ရှေ့ စုဝေးခဲ့ ကြ ပါတယ်။

နောက် လာမယ့် တနင်္ဂနွေ နေ့ ဆန္ဒ ခံယူ ပွဲ ကျရင် ကယ်ဆယ်ရေး အစီအစဉ် သစ် တွေ ကို လက် မခံ ဘူး ဆိုပြီး မဲ ထည့် ကျမှာ ဖြစ်တယ် လို့ အဲဒီ့ သူတွေ က ပြောပါတယ်။

ဒါပမယ့် အစီအစဉ် သစ်တွေ ကို လက်ခံ လိုတဲ့ သူ တွေ ကလည်း အင်္ဂါနေ့ မှာ တန်ပြန် ဆန္ဒပြ ပွဲ တွေ လုပ် ကြ မှာ ဖြစ်ပါတယ်။

ဂရိ အစိုးရ က လောလောဆယ်ဆယ် ကန့်သတ် ထား သလို ဘဏ်တွေ ကနေ တစ်ရက် ကို ယူရို ၆၀ ပဲ ထုတ် ယူ ဖို့ ငွေထုတ် စက်တွေ ရှေ့ တန်းစီ စောင့် နေကြ တဲ့ လူတန်းရှည် ကြီး တွေ ကိုလည်း တွေ့ ရပါတယ်။

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ ချေးငွေ ပြန်ဆပ် ဖို့ အင်္ဂါနေ့ မှာ ရက် စေ့ ပြီ ဖြစ်ပေမယ့် ဂရိ အစိုး ရ အနေနဲ့ ပြန် ပေးဖို့ ဘယ် လို အစီစဉ် တစုံတရာ မှ ရှိ မနေဘူး ဆိုပြီး ဂရိ က လာတဲ့ သတင်း တွေ က ပြောနေပါတယ်။

အခုလို ဂရိ ကြွေးမြီ ပြဿနာ အကြပ် အတည်း ကြောင့် တကမ္ဘာလုံး အနှံ့ က စတော့ ရှယ်ယာ စျေးကွက် တွေ မှာ လည်း ယုံကြည် မှု ပျက် ပြား ပြီး စျေး နှုန်း တွေ ကျဆင်း ခဲ့ ပါတယ်။

အမေရိကန် စတော့ စျေးကွက် တန်ဖိုးရဲ့ အဓိက အညွှန်းကိန်း ဖြစ်တဲ့ Dow Jones index ဟာ ၂ % နီးပါး တန်ဖိုး ကျပြီး စျေးပိတ် ခဲ့ရ တဲ့ အတွက် ဂျွန် ၂၉ ရက် တနင်္လာနေ့ ဟာ ဒီနှစ် အတွက် အမေရိကန် ကုန်သွယ်ရေး ရဲ့ အဆိုးဆုံး နေ့ ဖြစ်ခဲ့ ပါတယ်။

ဂျာမနီ ရဲ့ the Dax လည်း ၃.၅% ၊ လန်ဒန် ရဲ့ Footsie မှာလည်း ၂ % တန်ဖိုး အသီးသီး ကျ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ