ပွာ​တို​ရီ​ကို အကြွေး​ပြဿနာ မ​ကူညီ​နိုင်​လို့ အမေ​ရိ​ကန်ငြင်း

  • 29 ဇွန် 2015
puerto_rico_gobernador ဓာတ်ပုံ မူပိုင် AP
Image caption အကြွေး ဒေါ်လာ ၇၂ ဘီလျံ ကို ပြန်မဆပ် နိုင် ဖြစ်နေတယ် လို့ ပွာတိုရီကို အုပ်ချုပ်ရေး မှုး အလဟန်းဒြို ဂါစီယာ ပတ်ဒီးလား က ထုတ်ဖော် ပြော။

ဂရိ ကြွေးမြီ ပြဿနာ လိုပဲ နိုင်ငံတကာ ဘဏ္ဍာရေး အပေါ် ဖိအားဖြစ်လာ စေတာ ကတော့ ပွာတိုရီကို ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ပဲ ဖြစ်ပါတယ်။

ကာရစ်ဘီယန် ကျွန်း နိုင်ငံ ပွာတိုရီကိုဟာ အမေရိကန် ရဲ့ အစောင့်ရှောက် ခံ ပိုင်နက် မြေ တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ပွာတိုရီကို ပြန်မဆပ် နိုင် ဖြစ်နေရတဲ့ နိုင်ငံတကာ ကြွေးမြီ တွေ နဲ့ပတ်သက်ပြီး ဝင်ရောက် ကယ်ဆယ်ဖို့ အစီအစဉ် မရှိ ဘူး လို့ အမေရိကန် အစိုးရ က ပြောလိုက် ပါတယ်။

ပွာတိုရီကို ဟာ တင်ရှိနေတဲ့ အကြွေး ဒေါ်လာ ၇၂ ဘီလျံ ကို ပြန်မဆပ် နိုင် ဖြစ်နေတယ် လို့ ပွာတိုရီကို အုပ်ချုပ်ရေး မှုး အလဟန်းဒြို ဂါစီယာ ပတ်ဒီးလား က ထုတ်ဖော် ပြော ထား ပါတယ်။

ဂရိ ကြွေးမြီ ပြဿနာ ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု တွေ ကို ကိုင်တွယ်နိုင် အောင် ကြိုးစား နေကြရတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်း တွေ အပေါ် မှာ အခု ပွာတိုရီကို အကြပ်အတည်း က လည်း ဖိအားတွေ ပိုပြီး ဖြစ်လာစေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ