မိုင်​ဒါ​ဇို​လမ်​ကို သေ​ဒဏ်​စီရင်​ရာ​မှာ ဆက်​အသုံးပြု​နိုင်

  • 29 ဇွန် 2015
_us_supreme_court ဓာတ်ပုံ မူပိုင် Getty
Image caption မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့်။

အမေရိကန် ပြည်ထောင်စု အတွင်း သေဒဏ် စီရင် ရာမှာ အသုံးပြု နေတဲ့ အငြင်းပွားဖွယ် ဆေးဝါး မိုင်ဒါဇိုလမ် ကို ဆက်လက် အသုံးပြုဖို့ အမေရိကန် တရားရုံးချုပ် က ခွင့် ပြုလိုက် ပါတယ်။

မိုင်ဒါဇိုလမ် အသုံးပြု ပြီး စီရင် ခဲ့တဲ့ သေဒဏ် တော်တော် များများ မှာ အဆင်မပြေ မှု တွေ ရရှိခဲ့ ကြပါတယ်။

ဥက္ကလာဟိုးမား ပြည်နယ် အကျဉ်းထောင် ထဲ က အကျဉ်းသား ၃ ဦး ကနေ မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့် သွားတာ ဖြစ်ပါတယ်။

ဥက္ကလာဟိုးမား အပါအဝင် ပြည်နယ် ၃ ခု မှာ ဆေးထိုးသတ် တဲ့ သေဒဏ် စီရင် မှု တွေ မှာ သေဒဏ် စီရင် ခံရသူ ကိုမာ ဝင် သလိုမျိုး အိပ်ပျော် သွားဖို့ ရည်ရွယ်ပြီး မိုင်ဒါဇိုလမ် ကို အသုံးပြု နေပါတယ်။

မနှစ် က ဖြစ်ရပ် တစ်ခု မှာ ဆိုရင် မိုင်ဒါဇိုလမ် အသုံးပြု တဲ့ သေဒဏ် စီရင် မှု တစ်ခု အတွင်း အကျဉ်းသား ဟာ ဝက်ရူးပြန် သလို မျိုး ခြေလက် တွေ ကွေးကောက် ပြီး မိနစ် ၂၀ လောက် ကိုယ်ခန္ဓာ ပြင်းပြင်းထန်ထန် တုန်ယင် ခဲ့ပြီး တဲ့နောက် နှလုံး ရောဂါ နဲ့ သေဆုံး သွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ