ဂျပန် ကျည်ဆန်ရထားပေါ် မီးရှို့မှု ၂ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ရထားတစ်စင်းလုံးကို မီးခိုးတွေ ဖုံးလွှမ်းသွားခဲ့။

ဂျပန် နိုင်ငံမှာ တိုကျို မြို့ကနေ အိုဆာကာ မြို့ကို ပြေးဆွဲတဲ့ ကျည်ဆန်ရထား တစ်စီး ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမျိုးသားကြီး တစ်ယောက် သေဆုံး ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ခရီးသည် တစ်ဦးလည်း သေဆုံး ခဲ့ရပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကာ ၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

ရထားရဲ့ ပထမဆုံး တွဲပေါ်က အသက် ၇၁ နှစ်အရွယ် အမျိုးသားက သူ့ထိုင်ခုံတဝိုက်နဲ့ သူ့ကိုယ်ပေါ်ကို ဓာတ်ဆီ လောင်းပြီးနောက် မီးခြစ်နဲ့ မီးရှို့ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

မီးခိုးတွေ ဖုံးလွှမ်းသွားတဲ့ ကျည်ဆန်ရထားကို အရေးပေါ် ရပ်ခဲ့ပြီးနောက် ရထားပေါ် ပါလာတဲ့ လူ တစ်ထောင်လောက် လွတ်မြောက် နိုင်ခဲ့ပါတယ်။

အဲဒီ မီးရှို့တဲ့ လူရဲ့ နောက်ကြောင်းကို အရာရှိတွေက ထုတ်ပြန်ခြင်း မရှိပေမယ့် ဒီအမှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အဖြစ် ကိုယ်တွယ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ