ဆိုင်းနိုင်းကျွန်းဆွယ်မှာ IS တွေ တိုက်ခိုက်မှု ပြင်းထန်

  • 1 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆိုင်းနိုင်းကျွန်းပေါ်က တိုက်ခိုက်မှုတွေကြောင့် ၂ အီဂျစ် တပ်ဖွဲ့ဝင် ၆၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်။

အီဂျစ် နိုင်ငံ၊ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်အောက်ခံ အဖွဲ့က တိုက်ခိုက်မှု တွေကြောင့် စစ်သား ၁၀ ဦးထက် မနည်း သေဆုံးသွားတယ်လို့ အီဂျစ် စစ်တပ်က ပြောပါတယ်။

Sheikh Zuweid မြို့တဝိုက်က စစ်ဆေးရေးဂိတ် ၅ ခုကို IS စစ်သွေးကြွ ၇၀ ကျော်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီဂျစ် စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

တိုက်ခိုက်သူ စစ်သွေးကြွ ၃၉ ယောက်ကို သတ်ဖြတ် ရှင်းလင်းခဲ့ပြီး လေယာဉ်ပစ် သေနတ်တွေ တင်လာတဲ့ ထရပ်ကား ၃ စီးကိုလည်း ဖျက်ဆီး ပစ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

အခုချိန် အထိ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး IS စစ်သွေးကြွတွေက Sheikh Zuweid မြို့ ရဲဌာနချုပ်ကို သိမ်းပိုက် လိုက်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဆိုင်းနိုင်း အခြေစိုက် IS လက်အောက်ခံ အဖွဲ့က သူတို့ဟာ လုံခြုံရေးဌာန ၁၅ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေခံ ဗုံးခွဲမှု ၃ ခုလည်း လုပ်ခဲ့တယ်လို့ အွန်လိုင်းပေါ် ဖြန့်ဝေတဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အခု တိုက်ခိုက်မှုတွေဟာ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ဂျီဟတ် ဝါဒီတွေ အခြေချခဲ့ချိန် နောက်ပိုင်း အကြီးဆုံး တိုက်ခိုက်မှုတွေထဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အစ္စလာမ္မစ် သမ္မတ မိုဟာမက် မော်စီ ပြုတ်ကျခဲ့ပြီးနောက် ဂျီဟတ် ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့် လာရာမှာ အခုချိန်အထိ လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၆၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ