ဂရိနိုင်ငံက လိုက်လျောချက် အသစ်တွေနဲ့ ကမ်းလှမ်း

  • 1 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် epa
Image caption မြီရှင် အဆိုပြုချက် အများစုကို ဂရိ ဝန်ကြီးချုပ်က လက်ခံဖို့ ကမ်းလှမ်းနေတယ်လို့ သတင်းတွေက ဆို။

ဂရိနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က သူ့ရဲ့ မြီရှင်တွေ အဆိုပြုထားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို ဂရိ ဝန်ကြီးချုပ် Alexis Tsipras က လိုက်လျောချက် အသစ်တွေနဲ့ လက်ခံဖို့ ကမ်းလှမ်း လိုက်ပါတယ်။

မစ္စတာ Tsipras က မြီရှင်တွေဆီ ပေးပို့တဲ့ စာထဲမှာ ဆွေးနွေးပွဲ မပျက်ပြားမီက ညှိနှိုင်းမှုတွေမှာ ပါဝင်တဲ့ အချက် အများစုကို လက်ခံဖို့ ပြင်ဆင် ထားတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် ဂျာမနီ နိုင်ငံကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ အီးယူရဲ့ အဆိုပြုချက်ဟာ အခုအချိန်မှာ အကျုံးမဝင်တော့ တဲ့အတွက် လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဂရိ လူထုဆန္ဒ ခံယူပွဲ မပြီးခင် အချိန်အထိ သဘောတူညီချက် အသစ်ရဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဂရိနိုင်ငံဟာ ငွေကြေး ကယ်ဆယ်ရေး အစီအစဉ်ကို သက်တမ်း တိုးပေးဖို့ အင်္ဂါနေ့က မေတ္တာ ရပ်ခံ ခဲ့ပေမယ့် ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက ပယ်ချ ခဲ့ပါတယ်။

ဒါကြောင့် ဂရိဟာ IMF ကို ပေးရမယ့် အကြွေး အတွက် ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ နိုင်ငံအဖြစ် အင်္ဂါနေ့ အကုန်မှာ ရောက်ရှိ သွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ