အမေရိကန် နဲ့ကျူးဘား သံရုံးတွေ ဖွင့်တော့မယ်

  • 1 ဇူလိုင် 2015
barack obama ဓာတ်ပုံ မူပိုင် h
Image caption သမ္မတ အိုဘားမား

အခုနှစ် နွေရာသီ မကုန်ဆုံးမီ ကာလ မှာ အမေရိကန် နဲ့ ကျူးဘား နိုင်ငံတို့ ဟာ သံတမန် ဆက်ဆံရေး ပြန်လည် ချိတ်ဆက်တဲ့ အနေနဲ့ သံရုံးတွေ အသီးသီး ပြန်လည် ဖွင့်လှစ်မဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကိုယ်တိုင် ဟာဗားနားမြို့တော် မှာ အမေရိကန် သံရုံး ကို ဖွင့်လှစ်ပေးမဲ့ အကြောင်း သမ္မတ အိုဘားမား က တရားဝင် ကြေညာ လိုက်ပါပြီ။

ဒါပေမဲ့ အမေရိကန် အစိုးရ အနေနဲ့ ကျူးဘား နိုင်ငံမှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ စံညွန်းတွေ ချိုးဖေါက်ခံ ရမှု ရှိနေသေးရင် ဆက်လက် ကန့်ကွက်သွားမဲ့ အကြောင်း၊ ကျူးဘား နိုင်ငံအနေနဲ့ အချိန်တို အတွင်း မှာ ပြောင်းလဲ သွားလိုက်မယ် လို့ ဘယ်သူမှ မမျှော်လင့် ထားပေမဲ့ အမေရိကန်နဲ့ ဆက်ဆံမှု ရှိလာတာနဲ့ အမျှ နှစ်ဘက် ကုန်သွယ်ရေး အပိုင်း တိုးတက်ဖွယ် ရှိလာနိုင်သလို ကျူးဘားနိုင်ငံသားတွေ ရဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အခွင့်အရေး တွေကို ထောက်ခံ အားပေးနိုင်မယ် လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမား က ပြောတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကလည်း အခုလို နှစ်နိုင်ငံ သံတမန် လမ်းကြောင်း ပြန်ပွင့်သွားတာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရောက် ကျူးဘားလူမျိုးတွေ ကတော့ ဟားဗားနား မြို့တွင်းမှာ အာဖရိကနွယ်ဖွား ကျူးဘား နိုင်ငံသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အရိုက်အနှက် ခံရတာ မြင်ရတုန်းက သနား မိတဲ့ အခါမှာ ဘယ်သူမှ ဝင်မကူ သလို အားလုံးဟာ တိတ်ဆိတ်နေကြ လို့ ဒါမျိုးသာ အမေရိကန် ပြည်ထောင်စု မှာ ဖြစ်ခဲ့ရင် သမတ က စလို့ လူ့အခွင့်အရေး အဖွဲ့ တွေ က ဝိုင်းအော်ကြမှာ မို့ နှိုင်းယှဉ် မိယင်း ဝမ်းနည်း ကြောင်း ပြောပါတယ်။

ကျူးဘား ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ရိုဘတ်တို မိုရဲလ်စ် ကတော့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နဲ့ အတူ စီးပွားရေး အကန့်အသတ် နဲ့ ပိတ်ဆို့ထားမှု ကိုပါ ဖယ်ရှားပေးမှသာ ကျူးဘားဖွံ့ဖြိုးရေး အပိုင်း အတွက် အထောက်အကူ ဖြစ်မှာပါ လို့ ပြောပါတယ်။