အမေရိကန်နဲ့ ကျူးဘား သံရုံးတွေ ဖွင့်ဖို့ ကြေညာမယ်

  • 1 ဇူလိုင် 2015
Image caption ၁၉၆၀ ပြည့်လွန် နှစ်တွေကတည်းက ဟာဗားနား မြို့မှာ အမေရိကန် သံရုံး မရှိခဲ့။

အမေရိကန်နဲ့ ကျူးဘားတို့ဟာ ၁၉၆၁ ခုနှစ် ကတည်းက ပျက်ပြားနေခဲ့တဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်တဲ့ အနေနဲ့ နှစ်နိုင်ငံ မြို့တော်တွေမှာ သံရုံးတွေ ဖွင့်လှစ်မယ့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားဖို့ ရှိတယ်လို့ အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်မြူနစ် နိုင်ငံ ကျူးဘား အပေါ် အမေရိကန်က ကုန်သွယ်ရေး ပိတ်ပင်မှုတွေ လုပ်ခဲ့ချိန်က စပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာတော့ အမေရိကန်နဲ့ ကျူးဘားတို့ ပုံမှန် ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ သဘောတူ ခဲ့ကြပြီး၊ ၂၀၁၅ ဧပြီလ မှာတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သမိုင်းဝင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

သံရုံး ဖွင့်မယ့် အကြောင်း ကြေညာချက်ကို သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်ကနေ ကြေညာမှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

နှစ်နိုင်ငံ သံရုံးတွေ ဖွင့်မယ့် ရက်ကို အတိအကျ မသိရသေးပေမယ့် ဇူလိုင် လလယ်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ ကျူးဘားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ