ဟားမတ်စ် ၁၀၀ ကျော်ကို ပါလက်စတိုင်း ဖမ်းဆီး

  • 3 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဟားမတ်စ်နဲ့ ဖာတာ ပါတီတို့ ပြီးခဲ့တဲ့ နှစ်က ပါလက်စတိုင်း ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ပေမယ့် ကွဲလွဲမှုက ကြီးမားနေဆဲ။

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဟားမတ်စ် စစ်သွေးကြွ ကွန်ရက် အဖွဲ့ဝင် ၁၀၀ ကျော်ကို ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ရဲ့ တပ်ဖွဲ့တွေက ဖမ်းဆီး လိုက်ပါတယ်။

ဒီလို ဖမ်းဆီးမှုဟာ နှစ်များစွာ အတွင်း ဟားမတ်စ်တွေကို အရေအတွက် အများဆုံး ဖမ်းဆီး ထိန်းသိမ်းမှု ဖြစ်ပါတယ်။

ဟားမတ်စ်တွေ နယ်မြေ လုံခြုံရေး ထိပါးအောင် လုပ်နေတာကို ဟန့်တားဖို့ အခုလို ဖမ်းဆီး ခဲ့တာလို့ ဟားမတ်စ် တို့ရဲ့ ပြိုင်ဖက် ဖာတာ ပါတီက ကြီးစိုးထားတဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ပြောပါတယ်။

ဟားမတ်စ် ပြောခွင့်ရသူကတော့ ဒီဖမ်းဆီးမှုဟာ အနောက်ဘက်ကမ်းမှာ အစ္စရေးတွေ သေဆုံးခဲ့ရတဲ့ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ ဖြစ်တယ်၊ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ဟာ အစ္စရေး ကိုယ်စား လုပ်ဆောင်နေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ