တူနီးရှားပစ်ခတ်မှုကို ဝန်ကြီးချုပ်တောင်းပန်

  • 4 ဇူလိုင် 2015
tunisia_304x171_ap_ ဓာတ်ပုံ မူပိုင် AP
Image caption တူနီးရှား လုံခြုံရေး အဖွဲ့

တူနီရှားနိုင်ငံ ဆူးစ်မြို့ရဲ့ ကမ်းခြေမှာ သေနတ်သမား လက်ချက် နဲ့ အပမ်းဖြေခရီးထွက်ကြသူ ၃၈ ဦး သေဆုံးတဲ့ အနက် ဗြိတိသျှလူမျိုး ၃၀ သေဆုံးမှု အပေါ်မှာ ဝမ်းနည်းကြေကွဲကြောင်း နဲ့ ဗြိတိသျှ ဘုရင်မကြီး က စလို့ အစိုးရ နဲ့ သေဆုံးသူ တွေ ရဲ့ မိသားစု ဝင် တွေ ကို ပါ ဝမ်းနည်းကြောင်း စာလွှာ ကို တူနီးရှား ဝန်ကြီးချုပ် ဟာဘစ်အာစစ်ဒ် က ပေးပို့ လိုက်ပါတယ်။

ဒါ့အပြင် သေနတ်သမား ဟာ ၃၅ မိနစ်ခန့် အထိ ကမ်းခြေမှာ ရော အနီးရှိ ဟိုတယ် ထဲပါ ဝင်ရောက်ပြီး ပစ်ခတ် ပြီး မှ ရဲ က အသေပစ် ဖမ်းရာ မှာလည်း မဖြစ်သင့်တဲ့ အချိန် ကြာမြင့်မှု ကိုလည်း ဝန်ကြီးချုပ် က တောင်းပန်စကား ဆိုလိုက် ပါတယ်။ ဒါ ဟာ ရဲဝန်ထမ်းတွေ ရဲ့ ပေါ့လျော့မှု ဆိုတာ ထင်ရှားကြောင်း ကိုလည်း ဝန်ခံစကား ပြောပါတယ်။

ဒါဆိုရင် ဒီလိုလုံခြုံမှု မပေးနိုင်တဲ့ နိုင်ငံ ကို အပန်းဖြေ ပြည်ပ ဧည့်သည်တွေ လာပါ့ဦး မလား လို့ ဘီဘီစီ သတင်းထောက် ရစ်ချတ်ဂယ်လ်ပင် ကသီးသန့် မေးမြန်းခွင့် ရရာ မှာတော့ လာကြမှာ ပါ ဒါဟာ မဖြစ်သင့်ပဲ ဖြစ်သွားရတဲ့ ကိစ္စပါ သူတို့ အနေနဲ့ ဧည့်သည်တွေ ရဲ့လုံခြုံရေး ကို အာမခံ ပါတယ် သူတို့ လာလည် ကြဦးမှာပါ လို့ ဝန်ကြီးချုပ် အာစစ်ဒ် က ပြောပါတယ်။ လုံခြုံရေး ကိုလည်း တိုးမြှင့် ချထား ကြောင်း လည်း ရှင်းပြပါတယ်။

မနေ့က အခင်းဖြစ်ပွားတဲ့ ကမ်းခြေမှာ သေဆုံးသူ တွေ အတွက် ဆုတောင်းပွဲ ကို မစ္စတာ အာစစ်ဒ် ကိုယ်တိုင် တက်ရောက်သလို တူနီရှား နိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ကလည်း သေဆုံးသူတွေ ရဲ့ ဆွေမျိုး မိတ်ဆွေ တွေ နဲ့ အတူ တက်ရောက် ကြပါတယ်။

ဗြိတိန်နိုင်ငံ မှာလည်း ဘုရင်မကြီး က ဦးဆောင်ပြီး မနေ့ က နေ့လည်ပိုင်း မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် တမိနစ် ငြိမ်သက်ခြင်း အမှု ပြုခဲ့ ပါတယ်။ နိုင်ငံ တဝန်း က လူစုဝေးရာ ပန်းခြံတွေ မှာ ပါ တမိနစ်ငြိမ်သက် ခဲ့ပြီး အလံတွေ လည်း တဝက် လွှင့်ထူ ကြပါတယ်။ ဒီပစ်ခတ် သတ်ဖြတ်မှု ဟာ ဆိုရင် တူနီးရှား ရဲ့ လတ်တလော သမိုင်းကြောင်း အရ အဆိုးဝါးဆုံး တိုက်ခိုက်ခံရမှု လို့ ဆိုကြပါတယ်ရှင်။