ဂရိဆန္ဒခံယူပွဲ ဘယ်လိုရလာဒ်ထွက်ထွက် မြီရှင်တွေနဲ့ကြား သဘောတူမှု ရလာနိုင်တယ်

  • 4 ဇူလိုင် 2015
_greece_debt_ ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ ဘဏ်တွေ ကယ်ဆယ် ရေး နဲ့ ပတ်သက်ပြီး မြီရှင် တွေ ရဲ့ ကမ်းလှမ်း ထား မှု တွေ ဟာ မပျက် ပြယ် သေး ဘူး ဆိုပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး ဗာရူဖားကစ် က ပြော။

ဂရိ နိုင်ငံ မှာ နိုင်ငံတ ကာ မြီရှင် တွေ က အကြံ ပြု ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီ အသစ် တွေ ကို လက်ခံ မလား ဆိုတာ ကို ဒီ ကနေ့ ( ဇူလိုင် ၅ ရက် တနင်္ဂ နွေ နေ့ မှာ ) ပြည်လုံး ကျွတ် ဆန္ဒ ခံ ယူပွဲ ကျင်း ပ မှာ ဖြစ် ပါတယ်။

ဒါပေမယ့် ဒီ ဆန္ဒ ခံ ယူပွဲ ကနေ ဘယ်လို ရလာဒ် ပေါ်ထွက် လာ ခဲ့သည် ဖြစ်စေ တနင်္လာ နေ့ ကျရင် တော့ ဂရိ အစိုးရ နဲ့ မြီရှင် တွေ ကြား သဘောတူ မှု တစ်ရပ် ရရှိ လာဖို့ မျှော်လင့် ထားတယ် ဆိုပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယာနစ် ဗာရူဖားကစ် က ဂျာမနီ ထုတ် သတင်းစာ တစ်စောင် ကို ပြော လိုက် ပါတယ်။

ဂရိ ဘဏ်တွေ ကယ်ဆယ် ရေး နဲ့ ပတ်သက်ပြီး မြီရှင် တွေ ရဲ့ ကမ်းလှမ်း ထား မှု တွေ ဟာ မပျက် ပြယ် သေး ဘူး ဆိုပြီး ဝန်ကြီး ဗာရူဖားကစ် က Frankfurter Allgemeine Sonntagszeitung ဆိုတဲ့ သတင်း စာ ကို ပြော ခဲ့တာ ဖြစ် ပါတယ်။

ဒါ့အပြင် ဂျာမနီ ဘဏ္ဍာရေး ဝန်ကြီး ဗော်ဂဲန် ရှိုဗလာ ဟာ ဂရိ နိုင်ငံ ကို ယူရို ငွေကြေး အုပ်စု ထဲ က ထွက် သွား တဲ့ အဖြစ် ကို လိုလား သူ ဖြစ်တယ် ဆိုပြီးတော့ လည်း ဝန်ကြီး ဗာရူဖားကစ် က စွပ်စွဲ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ