အီရန် အစီရင်ခံစာ နှစ်ကုန်မှာ ထွက်လာနိုင်

  • 4 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတယ်လို့ အမာနို ကဆို

အီရန်နိုင်ငံ ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေခြင်း ရှိမရှိ စုံစမ်းမှုတွေ အချိန်အကြာကြီး ရပ်တန့် နေခဲ့ပြီး တဲ့နောက် အခုနှစ်ကုန် မှာ အဲဒီ စုံစမ်း စစ်ဆေးမှုတွေ အပြီးသတ် နိုင်လိမ့်မယ်လို့ IAEA နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ အကြီး အကဲ ယူကီယာ အာမာနို ကပြောပါတယ်။

အီရန်က ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျန် ရှိနေတဲ့ ပြဿနာ တွေကို ဖြေရှင်းပြီး အစီရင်ခံစာ တခု ထုတ်ပြန်နိုင် လိမ့်မယ်လို့ မစ္စတာ အမာနိုက ဆိုပါတယ်။

အီရန်ရဲ့ နျူကလီယာ အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ညှိနှိုင်း သူတွေ ဗီယင်နာမြို့ မှာ ဆွေးနွေး နေကြစဉ် မှာဘဲ သူက အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီညှိနှိုင်းမှု တွေမှာ လည်း သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ အီရန် နိုင်ငံခြား ရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က ပြောပါတယ်။