တူနီရှားမှာ အရေးပေါ်အခြေအနေ ကြေညာရတာကို သမ္မတက ကာကွယ်ပြောဆို

  • 4 ဇူလိုင် 2015
_tunisia_emergency_state_declared
Image caption စစ် ဖြစ် နေတဲ့ နိုင်ငံ အခြေ အနေ ကို ကျရောက် ခဲ့ ရတာ ကြောင့် လုံခြုံရေး ဆိုင်ရာ ကိစ္စ တွေ ကို တင်းတင်း ကြပ်ကြပ် ကိုင် တွယ် ဖို့ လို အပ်။

တူနီရှား နိုင်ငံ မှာ အရေးပေါ် အခြေ အနေ ကြေ ညာ ခဲ့ ရ တာ နဲ့ ပတ်သက်ပြီး တူနီရှား သမ္မတ ဘေဂျီ ကိုက်ဒ် အဆဲမ်ဇီ က ကာကွယ် ပြောဆို လို က် ပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင် တစ်ဦး ရဲ့ ပစ်ခတ် မှု ကြောင့် ဆုစ် မြို့ က အပမ်းဖြေ ကမ်းခြေ ဟိုတယ် မှာ နိုင်ငံခြား သား ခရီးသည် တွေ အများ စု သေဆုံး ခဲ့ ရတဲ့ အကြမ်း ဖက် ဖြစ်ရပ် ပေါ် ပေါက် လာခဲ့ အပြီး သီတင်း တစ်ပတ် ကျော် အကြာ မှာ အခုလို အရေး ပေါ် အခြေ အနေ ကြေ ညာ လိုက် တာ ဖြစ် ပါတယ်။

တူနီရှား ဟာ စစ် ဖြစ် နေတဲ့ နိုင်ငံ အခြေ အနေ ကို ကျရောက် ခဲ့ ရတာ ကြောင့် လုံခြုံရေး ဆိုင်ရာ ကိစ္စ တွေ ကို တင်းတင်း ကြပ်ကြပ် ကိုင် တွယ် ဖို့ လို အပ် တယ် ဆိုပြီး သမ္မတ အဆဲမ်ဇီ က ရုပ်မြင်သံကြား ကနေ တဆင့် တိုင်းပြည် ကို မိန့်ခွန်း ပြော ခဲ့ ပါတယ်။

အစ္စလာမ်မစ် ဘာသာရေး အခြေ ခံ ဝါဒီ တွေ ရဲ့ ခြိမ်း ခြောက် မှု တွေ သာ မက လူမှုရေး နဲ့ စီးပွားရေး ကဏ္ဍ တွေ မှာလည်း တူနီရှား ဟာ ကြီးမား တဲ့ အခက် အခဲ အကြပ် အတည်း တွေ နဲ့ တွေ့ ကြုံတွေ့ နေရတယ် ဆိုပြီး တော့လည်း သမ္မတ အဆဲမ်ဇီ က သတိ ပေး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ