အီ​ရန်​နျူ​က​လီ​ယာ​အရေး ဆွေးနွေး​နေ​တာ​မှာ တိုးတက်​မှုရှိ

  • 5 ဇူလိုင် 2015
iran_talks ဓာတ်ပုံ မူပိုင် AP
Image caption အင်္ဂါ နေ့ အမှီ သဘောတူညီ မှု တစ်ခု ရလာဖို့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ နဲ့ အီရန် နိုင်ငံ က ညှိနှိုင်းရေး သမား တွေ ဟာ ဗီယာနာ မြို့ မှာ တွေ့ဆုံ နေ။

အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက် ပြီး ၉ ရက် တိုင်တိုင် ဆွေး နွေး ခဲ့ ကြတဲ့ နောက် မှာ ပြဿနာ အများ စု ဟာ မဖြေရှင်း နိုင် သေး ပဲ ရှိနေဆဲ ဖြစ်ပေမယ့် စစ်မှန်တဲ့ တိုးတက်မှု တော့ ဖြစ်ထွန်း လာတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

တကယ် လို့ အီရန် အစိုးရ ဘက် ကသာ အပေးအယူ အလျှော့အတင်း လုံးဝ မလုပ် လိုဘူး ဆိုတာ မျိုး ပြသ ခဲ့ ရင် အမေရိကန် အနေနဲ့ လည်း ဆွေးနွေး ပွဲ ကနေ ထွက်ခွာ သွားဖို့ ရည်ရွယ် ထားခဲ့တယ် လို့ ဝန်ကြီး ကယ်ရီ က ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော်ရဲန့် ဖဘျူးစ် ကလည်း အီရန် အနေနဲ့ သူတို့ လိုက်နာ ပြုမူ ရမယ့် အချက် တွေ အပေါ် တကယ်တမ်း ခိုင်ခိုင် မြဲမြဲ ပြုလုပ်ဖို့ အသင့် ရှိပြီလား ဆိုတာ ဖြေ ဆို ရတော့ မယ့် အချိန် ဖြစ်တယ် လို့ ဆိုပါတယ်။

အီရန် နျူကလီယာ အရေး နဲ့ ပတ်သက် ပြီး အင်္ဂါ နေ့ အမှီ သဘောတူညီ မှု တစ်ခု ရလာဖို့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ နဲ့ အီရန် နိုင်ငံ က ညှိနှိုင်းရေး သမား တွေ ဟာ ဗီယာနာ မြို့ မှာ တွေ့ဆုံ နေကြ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ