လူမှုကွန်ရက်အသုံးများလို့ တရုတ်မှာ ကွာရှင်းမှုတွေ များလာ

  • 6 ဇူလိုင် 2015
Internet user in China ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်နိုင်ငံက အင်တာနက် သုံးသူ တစ်ယောက်

တရုတ်နိုင်ငံမှာ လူမှုကွန်ရက် သတင်းမီဒီယာတွေကို ပိုမို အသုံးပြုလာခြင်းက အိမ်ထောင် ကွာရှင်းပြတ်စဲမှုတွေ ပိုများလာစေတဲ့ အကြောင်း တစ်ခု ဖြစ်နိုင်တယ်လို့ တရုတ် နိုင်ငံက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အိမ်ထောင် စုံတွဲတွေဟာ ကိုယ့်ဇနီး ခင်ပွန်းနဲ့ မျက်နှာချင်းဆိုင် စကားပြောကြရမယ့် အစား အွန်လိုင်းပေါ်မှာ အကြာကြီး စကားတွေ ပြောရင်း အချိန်တွေ ကုန်နေကြတယ်လို့ စွပ်စွဲ ပြောကြတဲ့ ရှေ့နေတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြတာဖြစ်ပါတယ်။

ကွာရှင်းပြတ်စဲနှုန်း ဆယ်နှစ် ကြာပိုများလာခဲ့ပြီးနောက်မှာ မနှစ်က လည်း ဆက်ပြီး တိုးလာနေတယ်လို့ တရားဝင် စာရင်း ဇယားတွေ က ပြသနေပါတယ်။

ပစ္စည်း ဥစ္စာ ဆိုင်ရာနဲ့ ကျောင်းဝင်ခွင့် ရဖို့ကိစ္စတွေမှာ အစိုးရရဲ့ စည်းကမ်း ဥပဒေတွေနဲ့ ကိုက်ညီအောင် အတုအယောင် လက်ထပ်ကြတာတွေကလည်း ကွာရှင်းပြတ်စဲမှု ဖြစ်ရတဲ့ နောက်ထပ် အကြောင်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ် ပါတယ်။