ဥရောပ ဗဟိုဘဏ်က ဂရိ အပေါ် ဖိအားတိုးမြှင့်

  • 6 ဇူလိုင် 2015
euro_zone ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိ ကြွေးမြီ ပြဿနာ ကို ဖြေရှင်း ရေး ဟာ ဂရိ တနိုင်ငံ တည်း အတွက် သာမက ပဲ ဥရောပ တစ်တိုက် လုံး အတွက် လို အပ် တယ်။

ဥရော ပ ဗဟိုဘဏ် ECB ဟာ ဂရိဘဏ် တွေ ကို အရေးပေါ် ချေးငွေ တွေ ထပ်မံ ပေးဖို့ ငြင်းပယ် လိုက် တဲ့ အပြင် ယူထားနှင့်ပြီး ယူရို ၈၉ ဘီလျံ ချေးငွေ တွေ အတွက် အာမခံ တွေ ထပ်ပေးဖို့ လည်း တောင်းဆို လိုက် တဲ့ အတွက် ဂရိ ရဲ့ ဘဏ္ဍာရေး စံနစ် အပေါ် ဖိအားတွေ ပိုမို တိုးမြင့် လာစေ ပါတယ်။

ဂရိ နိုင်ငံ လူထု ဆန္ဒ ခံယူ ပွဲ ကနေ နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး အထောက်အပံ့ အသစ် တွေ အတွက် ကန့်သက်ချက် တွေ ကို လက်မခံ နိုင် ဘူး ဆိုပြီး ဆုံးဖြတ် ခဲ့ ကြ တဲ့နောက် ဂရိ အနေ နဲ့ ကြွေးမြီ ပြဿနာ ကို ဘယ်လို ဖြေရှင်း မလဲ ဆိုတဲ့ တိတိကျကျ အကြံပြု တင်ပြမှု တွေ ပြုလုပ်ဖို့ ပြင်သစ် နဲ့ ဂျမနီ နိုင်ငံ တို့ က တောင်းဆို လိုက် ပါတယ်။

ဂရိ ကြွေးမြီ ပြဿနာ ကို ဖြေရှင်း ရေး ဟာ ဂရိ တနိုင်ငံ တည်း အတွက် သာမက ပဲ ဥရောပ တစ်တိုက် လုံး အတွက် လို အပ် တယ် လို့ ပါရီ မြို့ မှာ ပြုလုပ် ခဲ့တဲ့ စကားဝိုင်း တွေ အပြီး ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။

ပြဿနာ ကို အမြန်ဆုံး ကိုင်တွယ် ဖို့ အရေးကြီးတယ် လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က လည်း ဆို ပါတယ်။

ဒီနေ့ အင်္ဂါ နေ့ မှာ ကျင်းပမယ့် ယူရို ငွေကြေး အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ အရေးပေါ် အစည်းအဝေး မှာ ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် လာရောက် စကား ပြောရ မှာ ဖြစ်ပါတယ်။

ဒီ အချိန် မှာပဲ ဂရိ ရဲ့ တနင်္ဂနွေ နေ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ အပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး ဗာရူဖားကစ် ရာထူး နေရာ က နှုတ်ထွက် သွားပြီ ဖြစ်လို့ သူ့ နေရာ မှာ ယူကလစ် ဆာကာလောတော့စ် ဆိုသူ ကို ခန့်အပ် လိုက် ပါတယ်။

မစ္စတာ ဆာကာလောတော့စ် ဟာ ဂရိ ကို ကိုယ်စား ပြုပြီး နိုင်ငံတကာ မြီရှင် တွေ နဲ့ အဓိက ညှိနှိုင်း ပေး နေသူ တစ်ဦး ဖြစ်ပါတယ်။

ဂရိနိုင်ငံ မှာ အင်္ဂါ နဲ့ ဗုဒ္ဓဟူး နေ့ တွေ မှာလည်း ဘဏ်တွေ ကို ဆက် ပိတ် ထားဦး မှာ ဖြစ်တယ် လို့ ကြေညာ ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ