ပြောင်းရွှေ့ဝင်ရောက်မှုကို ထိန်းချုပ်ဖို့ ဟန်ဂေရီအစိုးရ လုပ်ပိုင်ခွင့်အာဏာ ပိုရလာ

  • 6 ဇူလိုင် 2015
hungary_migrant
Image caption ရာပေါင်း များစွာ သော သူတွေ ဟာ ဆားဘီးယား နယ်စပ် ကနေ ဟန်ဂေရီ နိုင်ငံထဲ ကို နေ့စဉ် တရားမဝင် ဝင်ရောက် နေ။

ဟန်ဂေရီ နိုင်ငံ မှာ နယ်စပ် ဂိတ် အားလုံး ကို ရွှေ့ပြောင်း သူ တွေ မဝင် ရောက် နိုင်ဖို့ ပိတ်ချ နိုင်ခွင့် အခွင့်အာဏာ ကို အစိုးရ ကို ပေးအပ် လိုက် တဲ့ ဥပဒေသစ် တစ်ရပ် ကို ဟန်ဂေရီ ပါလီမန် က အတည်ပြု လိုက် ပါတယ်။

ဒါ့အပြင် ဆားဘီယား နဲ့ နယ်စပ် တလျှောက် မှာ ၁၃ ပေ ကျော် အမြင့် ရှိတဲ့ သံဆူးကြိုး နံရံ တည်ဆောက် ဖို့ ကိုလည်း ဟန်ဂေရီ ပါတီ က ခွင့်ပြုလိုက် ပါတယ်။

ရာပေါင်း များစွာ သော သူတွေ ဟာ ဆားဘီးယား နယ်စပ် ကနေ ဟန်ဂေရီ နိုင်ငံထဲ ကို နေ့စဉ် တရားမဝင် ဝင်ရောက် နေ ကြ ပါတယ်။

ဂရိ အာဏာ ပိုင် တွေ အနေ နဲ့ ဆားဘီးယား၊ မက်ဆီဒိုးနီးယား၊ ဘူလ်ဂေးရီးယား နဲ့ ဂရိ နိုင်ငံ တွေ ကို အန္တရာယ် ကင်းပြီး လုံခြုံ စိတ်ချ ရတဲ့ နိုင်ငံ တွေ အဖြစ် သတ် မှတ် လိုက်တယ် လို့ ဂရိ အစိုးရ ရဲ့ ပြောခွင့် ရ က အတည်ပြု ပါတယ်။

အဓိပ္ပာယ် ကတော့ အဲဒီ့ နိုင်ငံ ထဲ ကနေ ဝင်ရောက် လာသူ မှန် သမျှ ရဲ့ ဟန်ဂေရီ နိုင်ငံ တွင်း ခိုလှုံခွင့် ပေးဖို့ တောင်းခံ မှု အားလုံးလိုလို ကို ဟန်ဂေရီ အစိုးရ က ပယ်ချ မှာ ဖြစ် ပါတယ်။