အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန် ဗိုလ်စွဲ

  • 6 ဇူလိုင် 2015
USA Women Football Team supporter ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် အမျိုးသမီး အသင်း အောင်ပွဲ အတွက် ပရိသတ်တွေ ပျော်ရွှင်နေ

ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲမှာ အမေရိကန် အသင်း အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

Vancouver မြို့မှာ ဘောလုံး ပရိတ်သတ် ၅ သောင်း ကြည့်ရှု အားပေးခဲ့တဲ့ ဗိုလ်လုပွဲမှာ အမေရိကန်က ဂျပန်ကို ၅ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့တာပါ။

ပထမပိုင်း ၁၅ မိနစ် အတွင်းမှာ အမေရိကန်က ၄ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီ ဂိုးတွေထဲမှာ အမေရိကန် အသင်း ခေါင်းဆောင် ကာလီ လွိုက် Carli Lloyd က တစ်ပွဲထဲမှာ သုံးဂိုး hat-trick သွင်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲ အတွက် သူဟာ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

အခု အကြိမ်ဟာ အမေရိကန် အမျိုးသမီး ဘောလုံး အသင်း အနေနဲ့ တတိယ အကြိမ်မြောက် ဖလား ရခဲ့တာဖြစ်ပြီး သုံးကြိမ် ဖလားရဖူးတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံး အသင်းလည်း ဖြစ်ပါတယ်။

အမေရိကန် ဘောလုံး ပရိတ်သတ်တွေကလည်း အမေရိကန်ပြည်ထောင်စုမှာ အောင်ပွဲတွေ ကျင်းပနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ