အိုဘားမား ဗီယက်နမ် ခေါင်းဆောင်နဲ့တွေ့

  • 7 ဇူလိုင် 2015
Nguyen Phu Trong
Image caption ဗီယက်နမ် စစ်ပြီးတာ အနှစ် ၄ဝ ပြည့်ချိန်မှာတွေ့

ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒါဟာ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးတွေ ပြန်စပြီး နောက် အနှစ် ၂ဝ အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြ တာပါ။

ဗီယက်နမ်နဲ့ အမေရိကန်ကြား နိုင်ငံရေး အတွေးအခေါ် အရ ကွဲပြားမှု တွေ ရှိပေမယ့် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် နိုင်ခဲ့တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒါဟာ ဗီယက်နမ် စစ်ပြီးဆုံးတာ အနှစ် ၄ဝ ပြည့်တဲ့ လမှာ ဆုံတွေ့ ကြတာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ သမိုင်းကြောင်း အရ ဆက်ဆံရေး မကောင်းခဲ့ ပေမယ့်လည်း တရုတ်ကို ကျားကန် နိုင်ဖို့ ဗီယက်နမ်ကို မဟာဗျူဟာ မိတ်ဘက် အဖြစ် တိုးမြှင့်ဖို့ အိုဘားမားက ကြံစည် နေတာလို့ အကဲခတ် တွေက သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ