ဂ​ရိ​ဘဏ်​တွေ ဆက်​ပိတ်ထားဦးမယ်

  • 8 ဇူလိုင် 2015
_greece_
Image caption ယူရို ငွေကြေး စျေးကွက် ထဲ က ဂရိ နိုင်ငံ ထွက်ခွာ ရပြီ ဆိုရင် ကမ္ဘာ့ စီးပွားရေး တခုလုံး အတွက် အန္တရာယ် ကြီးစေ မှာ ဖြစ်တယ် လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ပြော။

ဂရိ နိုင်ငံ မှာ ဘဏ် တွေ ကို အခု သီတင်းပတ် အကုန် ထိ ပိတ်ထား ဦး မှာ ဖြစ်ပြီး၊ စက် ကနေ ငွေသား ထုတ်ယူ ရာမှာ လည်း တစ်နေ့ကို ယူရို ၆၀ ပဲ အများဆုံး ထုတ်ယူ နိုင်တဲ့ အကန့်အသတ် ကို ဆက်လက် ထား ရှိဦး မယ် လို့ ဂရိ နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ ကြေညာ ပါတယ်။

ဥရောပ ဗဟိုဘဏ် အနေနဲ့ ဂရိဘဏ် တွေ ကို အထောက်အပံ့ ပြုမှု ကနေ ရုတ်သိမ်း တော့မယ် လို့ ဆုံးဖြတ် ခဲ့ အပြီး အခုလို ဂရိ ဘဏ်တွေ ဆက်ပြီး ပိတ်ထားဖို့ ဖြစ်လာတာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဂျက်လူး ကတော့ ယူရို ငွေကြေး စျေးကွက် ထဲ က ဂရိ နိုင်ငံ ထွက်ခွာ ရပြီ ဆိုရင် ကမ္ဘာ့ စီးပွားရေး တခုလုံး အတွက် အန္တရာယ် ကြီးစေ မှာ ဖြစ်တယ် လို့ ပြောပါတယ်။

ဂရိ ဘက်က ပြန် မပေး နိုင် ဖြစ်နေတဲ့ ကြွေးမြီ ပမာဏ ဘယ်လောက် လဲ ဆိုတဲ့ အပေါ် ဥရောပ ဗဟိုဘဏ် နဲ့ အကြား အငြင်းပွား နေတာ ဖြစ် ပြီး၊ ကွာဟာ ချက် ဘီလျံ ဒေါ်လာ ကိန်းဂဏာန်း အနည်းငယ် ဟာ ဖြစ်လာ နိုင်တဲ့ အန္တရာယ် တွေ နဲ့ နှိုင်းယှဉ် ရင် မပြောပ လောက်ဘူး ဆိုပြီး တော့လည်း မစ္စတာ လူး က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ