ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဂရိ အစိုးရအတွင်း သဘောတူ

  • 9 ဇူလိုင် 2015
greece_reform ဓာတ်ပုံ မူပိုင် Reuters
Image caption ဘယ်လို ပြုပြင် မှု တွေ လုပ်ဆောင် မလဲ ဆိုတဲ့ အဆို ပြု ချက် တွေ ကို ဥရောပ မြီရှင် တွေ ဆီ ကို ဂရိ အစိုးရ က မကြာခင် မှာ ပဲ တင်သွင်း ပါလိမ့်မယ်။

စီးပွားရေး ပြုပြင် ဆောင်ရွက် ရမယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး ဂရိ အစိုး ရ အတွင်း သဘော တူ လိုက် ပြီ ဖြစ် ပါတယ်။

ဘယ်လို ပြုပြင် မှု တွေ လုပ်ဆောင် မလဲ ဆိုတဲ့ အဆို ပြု ချက် တွေ ကို ဥရောပ မြီရှင် တွေ ဆီ ကို ဂရိ အစိုးရ က မကြာခင် မှာ ပဲ တင်သွင်း ပါလိမ့်မယ်။

ဒီ ပြုပြင်ရေး ဆောင် ရွက် ချက် တွေဟာ ကြွေးနစ် နေတဲ့ ဂရိ ဘဏ်တွေ ကို နိုင်ငံတကာ က တတိယ အကြိမ် မြောက် ကယ်ဆယ်ရေး အတွက် အခြေခံ လုပ်ဆောင် ရမယ့် အချက် တွေ ဖြစ် ပါတယ်။

ဒီ ပြုပြင်ရေး လုပ်ငန်းစဉ် ကို ဂရိ ပါလီမန် က အတည်ပြု ပေးလာ မယ်လို့ လည်း မျှော်လင့်ရ ပါတယ်။

ဒီ လုပ်ငန်းစဉ် ထဲ မှာ အခွန် တိုးမြှင့် ရေး နဲ့ ပင်စင်လစာ အပြောင်း အလဲ တွေ ပါဝင် မှာ ဖြစ်ပေမယ့် မြီရှင် တွေ က တောင်းဆို ထား သလောက် အပြောင်း အလဲ လုပ် မလား ဆိုတာ တော့ ရှင်းရှင်း လင်းလင်း မရှိ သေး ပါဘူး။

ဂရိ အစိုးရ က တင်သွင်းမယ့် ပြုပြင်ရေး အဆိုပြု ချက် တွေ ကို လာမယ့် စနေ မှာ ယူရို ငွေကြေး အဖွဲ့ က လေ့လာ စမ်း စစ် ပြီး နောက် တစ်ရက် မှာ တော့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ကို တင် ပြ မှာ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ