အိန္ဒိယ စာမေးပွဲ လိမ်လည်မှုကို စုံစမ်းဖို့ အမိန့်ထုတ်

  • 9 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် epa
Image caption စာမေးပွဲ မသမာမှုနဲ့ ဆက်စပ်ပြီး လူသေဆုံးမှုတွေ အတွက် အရေးယူပေးဖို့ ဆန္ဒပြမှုတွေ ရှိနေ။

အိန္ဒိယ နိုင်ငံမှာ ဒါဇင်နဲ့ ချီတဲ့ လူတွေ သေဆုံးခဲ့ရမှုနဲ့ ဆက်စပ်နေတဲ့ စာခိုးချမှု အမြောက်အများကို စုံစမ်း စစ်ဆေးဖို့ အိန္ဒိယ တရားရုံးချုပ်က အမိန့်ထုတ် ညွှန်ကြား လိုက်ပါတယ်။

မဒယာ ပရာဒက်ရှ် ပြည်နယ်မှာ ဆေးကျောင်း ဝင်ခွင့် စာမေးပွဲ အတွင်း လိမ်လည် ဖြေဆိုဖို့ သောင်းနဲ့ချီတဲ့ ကျောင်းသားတွေက မသမာတဲ့ ဂိုဏ်းတွေကို ပိုက်ဆံပေးပြီး ကူညီ ခိုင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် စုံစမ်း စစ်ဆေးဖို့ အိန္ဒိယ တရားရုံးချုပ်က ဗဟို ထောက်လှမ်းရေး အဖွဲ့ CBI ကို ညွှန်ကြားခဲ့တာပါ။

အဲဒီ မသာမာမှုနဲ့ ပတ်သက်တယ် ဆိုပြီး လူ ၂၅၃၀ လောက်ကို ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ စွဲဆို ခဲ့ပါတယ်။

ခုချိန်အထိ လူပေါင်း ၂ ထောင် နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ကာ ကျန်ရှိ နေသေးသူတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Vyapam မသမာမှုလို့ ခေါ်တဲ့ အဲဒီအမှုနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ် နေတဲ့ လူပေါင်း ၃၀ ကျော် သေဆုံး ခဲ့ရမှုကိုလည်း ထောက်လှမ်းရေး အဖွဲ့က စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲဒီ သေဆုံးမှုတွေဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာလို့ မဒယာ ပရာဒက်ရှ် အစိုးရက ဆိုပေမယ့် သတင်း မီဒီယာတွေကတော့ မသမာမှုနဲ့ ဆက်စပ်တယ်လို့ ဖော်ပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ