အီရန် နျူကလီယာအရေး သဘောတူမှု ထွက်မလာသေး

  • 9 ဇူလိုင် 2015
_iran_talks ဓာတ်ပုံ မူပိုင်
Image caption အမေရိကန် ကတော့ ဆွေးနွေးမှု တွေ မှာ တိုးတက်မှု တွေ ရှိ ခဲ့တယ် ဆိုပြီး ပြောထားပါတယ်။

အီရန် နျူကလီ အစီစဉ် နဲ့ ပတ်သက်ပြီး အဆုံးသတ် သဘော တူညီချက် တစုံတရာ ရမလာ သေးဘူး လို့ နိုင်ငံတကာ ညှိနှိုင်းရေး သမား တွေ က ပြောပါတယ်။

အီရန် ရဲ့ နျူကလီယာ ရည်မှန်းချက် တွေ ကို ကန့်သတ် မှု တွေ ချ မှတ် ပြီး အပြန် အလှန် အနေနဲ့ အီရန် အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ရဲ့ ပိတ်ဆို့ အရေးယူ မှု တွေ ကို ဖယ်ရှား ပေး ဖို့ အီရန် နဲ့ နိုင်ငံတကာ အကြား ဆွေး နွေး နေကြ တာ ဖြစ် ပါတယ်။

အမေရိကန် ကတော့ ဆွေးနွေးမှု တွေ မှာ တိုးတက်မှု တွေ ရှိ ခဲ့တယ် ဆိုပြီး ပြောထားပါတယ်။

ဒါ့အပြင် သဘောတူ ညီချက် ရလာဖို့ အချိန် ဘယ်လောက် ယူရ ယူရ ဆွေးနွေး သွားမယ် ဆိုပြီး အမေရိကန် ရော အီရန် က ပါ ပြောထား ပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Federica Mogherini က တော့ လာမယ့် နာရီ အနည်းငယ် အတွင်း မှာ အရေး ကြီးတဲ့ ဆုံးဖြတ်ချက် တွေ မချ နိုင် ဘူး ဆိုရင် သဘောတူ မှု ရ မလာ နိုင် တော့ ဘူး လို့ သတိ ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ