ဆီးရီးယားက ထွက်ပြေးသူ ၄ သန်း ကျော်သွားပြီ

  • 9 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီ နိုင်ငံက ဆီးရီးယား ဒုက္ခသည် အများစု သွားရောက်ရာ နိုင်ငံ ဖြစ်လာ။

ဆီးရီးယား နိုင်ငံကနေ ထွက်ပြေးသူ ဒုက္ခသည် အရေအတွက်ဟာ စုစုပေါင်း ၄ သန်း (လူဦးရေရဲ့ ၆ ပုံ ၁ ပုံ) ကျော်သွားပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။

တူရကီ နိုင်ငံထဲ ဝင်ပြေးတဲ့ အရေအတွက် တစ်ခုတည်းတင် ၁၀ လ အတွင်း တစ်သန်း အထိ မြင့်တက် ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံအတွင်း အိုအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ အရေအတွက်ကတော့ ၂၀၁၁ နောက်ပိုင်း အခုချိန်အထိ ၇ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။

ဆီးရီးယား ဒုက္ခသည် အရေးဟာ အခု မျိုးဆက်အတွင်း အဆိုးရွားဆုံး လူသားဆိုင်ရာ ပြဿနာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီရဲ့ အကြီးအကဲ Antonio Guterres က ပြောပါတယ်။

ဆီးရီးယားမှာ သေဆုံးသူခဲ့သူ အရေအတွက်ကတော့ ၄ နှစ်အတွင်း ၂ သိန်း ၃ သောင်း ကျော်သွားပြီလို့ အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ