ယီမင်မှာ အပစ်ရပ်သဘောတူမှုကို လိုက်နာဖို့ ကုလတိုက်တွန်း

  • 10 ဇူလိုင် 2015
yemen_truce_un ဓာတ်ပုံ မူပိုင်
Image caption အပစ်ရပ် ထားတဲ့ ကာလ အတွင်း မှာ ကယ်ဆယ် ရေး ပစ္စည်း တွေ ဝေငှ နိုင် ဖို့ ကုလသမဂ္ဂ က မျှော်လင့်။

ယီမင် နိုင်ငံ မှာ လူသားခြင်း စာနာ နားလည်တဲ့ အကူအညီ တွေ ပေး နိုင် ဖို့ ၆ ရက် တာ အပစ် ရပ် ကြဖို့ သဘောတူ မှု ဟာ စတင် သက်ဝင် ဖို့ အချိန် ကျရောက် လာပြီ ဖြစ် ပြီး စစ်ဖြစ်နေကြ တဲ့ နှစ်ဘက်တပ် တွေ အနေနဲ့ အပစ်ရပ် မှု ကို လိုက်နာ ကြဖို့ ကုလသမဂ္ဂ က တိုက်တွန်း နေ ပါတယ်။

ယီမင် မှာ လပေါင်း များစွာ ပြည်တွင်းစစ် ပဋိပက္ခ ဖြစ် နေ ခဲ့တာ ကြောင့် အကူအညီ အထောက်အပံ့ တွေ အလွန် လိုအပ် နေတဲ့ စစ်ဘေး ဒုက္ခသည် တွေ ကို ဒီ အပစ်ရပ် ထားတဲ့ ကာလ အတွင်း မှာ ကယ်ဆယ် ရေး ပစ္စည်း တွေ ဝေငှ နိုင် ဖို့ ကုလသမဂ္ဂ က မျှော်လင့် ထား ပါတယ်။

ဆော်ဒီ အာရဗျ နိုင်ငံ က ကျောထောက် နောက်ခံ ပြု ထားတဲ့ ယီမင် အစိုးရ နဲ့ ရှီအာ မွတ်ဆလင်မ် တွေ ဖြစ် တဲ့ ဟူသီ သူပုန် တွေ နဲ့ အကြား အပစ်ရပ် သဘော တူ မှု ရလာ အောင် ကုလသမဂ္ဂ က ကြားဝင် ညှိနှိုင်း ပေးခဲ့တာ ဖြစ် ပါတယ်။

တကယ်တမ်း အပစ်ရပ် မှု ကို ထိန်းထား နိုင် မလား ဆိုတာ ကို သံသယ ရျိတယ် ဆိုပြီး ဟူသီ ခေါင်းဆောင် ကရော၊ ဆော်ဒီ အာဏာပိုင် တစ်ဦး ကရော ပြောလာ ကြ ပါတယ်။

မြို့တော် ဆားနား နဲ့ အေဒင် မြို့ တွေ မှာ သောကြာ နေ့ က အထိ တိုက်ပွဲ တွေ ဆက်လက် ရှိ နေကြ ဆဲ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ