ဂရိအတွက် ဆွေးနွေးပွဲ ပြန်စ

  • 12 ဇူလိုင် 2015
greece_talk ဓာတ်ပုံ မူပိုင် Getty
Image caption ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေ ခေါင်းချင်းရိုက် နေကြ

ဂရိ ပြဿနာအတွက် သဘောတူချက် ရနိုင်နေပြီ လို့ ဂရိ ဝန်ကြီးချုပ် အလက်ဇီ ဆီးပရပ်စ က ပြောပါတယ်။

ဂရိငွေကြေးအကြပ်အတည်း ပြဿနာကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ စလုံးက နိုင်ငံခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ အစည်းအဝေး ထိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ပါတယ်။

ယူရိုငွေကြေးဇုန် နိုင်ငံတွေ က ဘဏ္ဍာရေးဝန်ကြီးတွေ က ဂရိနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ ဆွေးနွေးပွဲ ကို ပြန်စဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အခုလို နိုင်ငံခေါင်းဆောင်အစည်းအဝေး ကို ပယ်ဖျယ်လိုက်တာပါ။

အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ က အခုအချိန်မှာ အရေးကြီးဆုံးမေးခွန်းက ဥရောပကို ဘယ်လို ပုံစံနဲ့ တည်ဆောင်ကြမလဲ ဆိုတဲ့ မေးခွန်းပါ၊ ဂရိ ကိုကယ်ဆယ်နိုင်အောင် နိုင်ငံတကာ ဥပဒေတွေ ကိုလေးစားကြအောင် အခု အချိန်မှာ အရေးတကြီး အဖြေထုတ်ဖို့လို ပြီလို့ပြောသွားပါတယ်။

ဘရပ်ဆဲလ်က ဘီဘီစီ သတင်းထောက်က လည်း အခုအချိန်မှာ ဂရိ နဲ့ သဘောတူနိုင်မယ့် ဖြေရှင်းချက်နည်းလမ်းတခု ကို ယူရိုဇုန်နိုင်ငံတွေ ဘက်က အရေးတကြီး ထုတ်နေကြတယ်လို့ သုံးသပ်ပြောပါတယ်။