ကချင်အဖွားအိုကို အဓမ္မပြုဖို့ ကြိုးစားတဲ့ စစ်သား ထောင်ကျ

  • 12 ဇူလိုင် 2015
_kachin_peace_performance ဓာတ်ပုံ မူပိုင် AP
Image caption ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရဖို့ လှုပ်ရှား နေသူ တွေ။

ကချင် ပြည်နယ် ဗန်းမော် မြို့ နယ် ထဲ အခြေချ ထားတဲ့ အစိုးရ စစ်တပ် က စစ်သား တစ်ဦး ဟာ ဒေသခံ အသက် ၇၂ နှစ် အရွယ် အဘွားအို ကို မုဒိန်း ပြု ကျင့် ဖို့ ကြံစည် ကြိုး စား ခဲ့ လို့ ဆိုပြီး စစ် ဖက် တရား ရုံး ကနေ အဲဒီ စစ်သား ကို ထောင် ဒဏ် ၇ နှစ် ချမှတ် လိုက် ပါတယ်။

တကယ် သားမယား ပြုကျင့် ခဲ့ ခြင်း မရှိ ပေမယ့် တပ်မတော် အပေါ် ထားရှိ တဲ့ ပြည်သူ လူထု ရဲ့ အမြင် ကို ထိခိုက် စေနိုင် တဲ့ အမှု ဖြစ် တာကြောင့် အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၇ နှစ် ချမှတ် ခဲ့တာ ဖြစ်တယ် လို့ ပြန်ကြားရေးဝန် ကြီး ဌာန ရဲ့ ထုတ်ပြန် ချက် ထဲ တွေ့ ရ ပါတယ်။

အဲဒီ့ စစ်သား ကို အရပ် က ဝိုင်းဖမ်း ကြတုန်း က အဝတ် အစား တွေ ကျွတ် နေတာ မျိုး လို ထင်ရှား တဲ့ အထောက် အထား တွေ ရှိ ခဲ့လို့ အဘွားအို အပေါ် ကျူးလွန် ဖို့ အားထု တ် နေ တာ ကို ဒေသခံ တွေ အသိ ဖြစ် တယ် ဆိုပြီး ကချင် နှစ်ခြင်း ခရစ်ယာန် အသင်း ကေဘီစီ ရဲ့ ပြန်ကြားရေး တာဝန် ခံ ဦးလမိုင်ယော် က ဘီဘီစီ ကို ပြောပါတယ်။

စစ်တပ် ကနေ အခု လို အရေးယူ မှု ပြုလုပ် တာ မျိုး ကို သူ့ အနေ နဲ့ ပထမဆုံး ကြားဖူး လာတာ ဖြစ်တယ် လို့လည်း ဦးလမိုင်ယော် က ဆိုပါတယ်။

တိုင်းရင်းသား နယ် မြေတွေ မှာ အစိုးရ စစ်တပ် က အဓမ္မကျင့် တာ လူသတ်တာ တွေ ကျူးလွန် လေ့ ရှိပေမယ့် အရေးယူ အပြစ်ပေး တာ မျိုး နည်းပါး လှ တယ် ဆိုတဲ့ စွပ်စွဲ မှု တွေ အစဉ် အဆက် ရှိ ခဲ့ ပါတယ်။

အခုတော့ ဒီလို အထင်အမြင် လွဲ မှား စေတဲ့ ကိစ္စရပ် မျိုး တွေ ကျူးလွန် သူတွေ ကို ထိထိ ရောက်ရောက် အရေးယူမယ် လို့ အာဏာပိုင် တွေ ဘက်က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ