မူးယစ်ရာဇာ ထောင်ဖောက်မှု နောက်ဆက်တွဲ ရိုက်ခတ်နေ

  • 13 ဇူလိုင် 2015
sp_mexico
Image caption မက္ကဆီကို နိုင်ငံ အနှံ့ မှာ ပြိုင်ဘက် မူးယစ် ဂိုဏ်းတွေ အကြား တိုက်ပွဲ တွေ ဖြစ်လာ နိုင်တယ်။

မက္ကဆီကို နိုင်ငံ မှာ ထိပ်သီး မူးယစ်ရာဇာ ဝါကင်း ဂွတ်ဇ်မန် ထောင်ဖောက် ပြေး သွားပြီး နောက်ပိုင်း အကြမ်း ဖက် မှု တွေ တိုးမြင့် ဖြစ်ပေါ် လာတာ ကို တားဆီး နိုင်ဖို့ မက္ကဆီကို ပြည်ထဲရေး ဝန်ကြီး က အစည်းအဝေး တစ်ရပ် ခေါ်ယူ လိုက် ပါတယ်။

ဩဇာကြီးလှတဲ့ ဆီနာလိုအာ မူးယစ်အဖွဲ့ ရဲ့ ခေါင်းဆောင် ဝါကင်း ဂွတ်ဇ်မန် ကို ရှာဖွေ ဖမ်းဆီး နိုင်ဖို့ ကိုလည်း မက္ကဆီကို နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံ တွေ မှာပါ ဆောင်ရွက် လျှက် ရှိပါတယ်။

ဝါကင်း ဂွတ်ဇ်မန် ထောင်က နေ ထွက်ပြေး လွတ်မြောက် သွားတဲ့ နောက် မက္ကဆီကို နိုင်ငံ အနှံ့ မှာ ပြိုင်ဘက် မူးယစ် ဂိုဏ်းတွေ အကြား တိုက်ပွဲ တွေ ဖြစ်လာ နိုင်တယ် လို့ သုံးသပ် သူတွေ က သတိ ပေး ထား ပါတယ်။

ရှော့တီ လို့ အသိများကြ တဲ့ မစ္စတာ ဂွတ်ဇ်မန် ဟာ ထောင်ကျ ပြီး ၁၇ လ အကြာ မှာ ပဲ တစ်မိုင်ကျော် ရှည်တဲ့ မြေအောက် လှိုင်ခေါင်း ကနေ တဆင့် ပြီးခဲ့တဲ့ စနေ နေ့ က ထောင် ကနေ ထွက် ပြေး လွတ်မြောက် သွားခဲ့ တာ ဖြစ်ပါတယ်။