နင်တန်းဒိုး အမှုဆောင်ချုပ် ကင်ဆာနဲ့ ကွယ်လွန်

  • 13 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ဆာတိုရု အီဝါတာကို နင်တန်းဒိုးရဲ့ အောင်မြင်မှုတွေအတွက် အဓိက အရေးပါသူ အဖြစ် သတ်မှတ်ထားကြ။

ဂျပန် ဂိမ်းကုမ္ပဏီကြီး နင်တန်းဒိုးရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ မစ္စတာ Satoru Iwata ဟာ အသက် ၅၅ နှစ် အရွယ်မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန် သွားပါတယ်။

မစ္စတာ ဆာတိုရု အီဝါတာဟာ ကျောင်းသား ဘဝကတည်းက ကွန်ပျူတာ ဂိမ်းတွေကို စတင် တီထွင်ခဲ့သူ ဖြစ်ပါတယ်။

နောက်တော့ နင်တန်းဒိုး ကုမ္ပဏီ လက်အောက်က Hal Laboratory မှာ ဝင်လုပ်ခဲ့ပြီး၊ အဲဒီမှာ နာမည်ကျော် ဂိမ်းတွေ ဖြစ်တဲ့ Balloon Flight၊ Earthbound နဲ့ Kirby ဂိမ်းတွေ တီထွင်ရာမှာ ပါဝင် ကူညီခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ နင်တန်းဒိုး ကုမ္ပဏီကို ဝင်ရောက်ခဲ့ပြီး၊ နောက် ၂ နှစ် အကြာမှာ ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ကာ၊ အလွန် ထင်ရှား လူကြိုက်များတဲ့ Wii နဲ့ Nintendo DS ဂိမ်းစက်တွေ ထုတ်လုပ်ရာမှာ ကြီးကြပ် ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ