ယူရိုဇုန် သဘော တူညီမှု ကိစ္စ အားလုံး တာဝန်ယူတယ်ဆို

greece ဓာတ်ပုံ မူပိုင် Reuters
Image caption ယူရိုဇုန်က တင်းကျပ် တဲ့ ပြုပြင်ရေးတွေ တောင်းဆို

ယူရိုဇုန် ငွေကြေး ကယ်ဆယ်ရေး သဘော တူညီမှု အတွက် ဖြစ်လာမယ့် ကိစ္စ တွေ အားလုံး ကို သူ တာဝန်ယူ တယ်လို့ ဂရိ ဝန်ကြီးချုပ် Alexis Tsipras က ပြောကြား လိုက်ပါတယ်။

ဒီ သဘောတူညီမှု က တောင်းဆိုတဲ့ တင်းကျပ် ပြတ်သားတဲ့ ပြုပြင်ရေး တွေကို သူ မယုံကြည် ပေမယ့်လည်း သူတာဝန်ယူ တယ်လို့ မစ္စတာ Tsipras က ဆိုပါတယ်။

သူ့တိုင်းပြည် ဘေးဒုက္ခ ရောက်မှာ ကို ရှောင်လွှဲ နိုင်ဖို့ အတွက် သူ လက်မှတ်ထိုး ထားတဲ့ ကိစ္စ ကို ဆောင်ရွက် လိုတယ် လို့လည်း ပြောပါတယ်။

ဒီပြုပြင်ရေး တွေ အတွက် ဂရိ လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ် ခင်မှာ သူက ရုပ်သံက ပြောကြား ခဲ့တာပါ။

ဂရိ ညွန့်ပေါင်း အစိုးရ ထဲက အတော်များများက သူ့ကို ဆန့်ကျင် မဲပေးကြဖို့ များပါတယ်။

ယူရို ငွေကြေး အုပ်စုက သူတို့ကို မတရား လုပ်တယ် ဆိုပြီး ဒီ အစိုးရ အဖွဲ့ဝင် တွေက ဒေါသ ထွက်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ