စီးပွားရေးမူတွေ ပြင်ဆင်ဖို့ ဂရိပါလီမန် အတည်ပြု

  • 15 ဇူလိုင် 2015
greece
Image caption ဆန္ဒပြ သူတွေ ဘက် က ဓာတ်ဆီပုလင်း တွေ လို လက်လုပ်ဗုံး တွေ နဲ့ ပစ်ပေါက် ခဲ့ ကြပြီး ရဲ ကလည်း မျက်ရည်ယို ဗုံး သုံး ဖြိုခွင်း ခဲ့ ပါတယ်။

အေသင်မြို့ က ဂရိ ပါလီမန် ထဲ မှာ စီးပွားရေး မူဝါဒ တွေ ပြောင်းလဲ ရေး နဲ့ ပတ်သက် လို့ အမတ် တွေ ငြင်းခုံ ဆွေး နွေး ခဲ့ ကြပြီး ဒေသ စံတော်ချိန် သန်းခေါင်းယံ ကျော် ကာမှ မဲခွဲ ဆုံးဖြတ် နိုင် ခဲ့ ကြတာ မှာ ဂရိ ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် အကြံပြု ထားတဲ့ ပြင်ဆင်ရေး မူ ကို ထောက်ခံ တဲ့ ဘက် က အနိုင် ရ သွား ပါတယ်။

ဂရိ ဘဏ္ဍာရေး မပြိုလဲ ရအောင် နိုင်ငံတကာ မြီရှင် တွေ ဆီက ချေးငွေ သစ် တွေ ရရှိ နိုင် ဖို့ ဆိုရင် ပြုပြင် ရေး မူ တွေ ကို ဂရိ ပါလီမန် က ဗုဒ္ဓဟူး နေ့ အမီ အတည် ပြု ပေး ရမယ် လို့ ယူရို ငွေကြေး အဖွဲ့ နိုင်ငံ တွေ က တောင်း ဆို ထား တဲ့ အတိုင်း ပါလီ မန် မှာ ဆုံးဖြတ် ခဲ့ ကြ တာ ဖြစ် ပါတယ်။

အာဏာရ ဆီရီဇာ ပါတီ ရဲ့ အမတ် တချို့ က ပြုပြင်ရေး မူ ကို ဆန့်ကျင် နေ ကြ ပေမယ့် အတိုက်အခံ အင်အားစု တွေ ရဲ့ ထောက်ခံ မှု နဲ့ ဝန်ကြီးချုပ် ဆီးပရပ်စ် တင်သွင်း တဲ့ ပြုပြင်ရေး မူ အတည် ဖြစ် သွား နိုင် တယ် လို့ အေသင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က အစောပိုင်း ကတည်းက သုံးသပ် ထား ပါတယ်။

ပါလီမန် အဆောက်အဦ အပြင် မှာလည်း အစိုးရ အသုံးစားရိတ် လျှော့ချ ဖြတ်တောက် မှာ မျိုး တွေ လုပ် ဆောင် မလာ ဖို့ ဆန္ဒပြ ခဲ့သူတွေ နဲ့ ရဲ တပ်ဖွဲ့ အကြား အပြန်အလှန် တိုက်ခိုက် မှု တွေ ဖြစ် လာ ခဲ့ ကြ ပါတယ်။

ဆန္ဒပြ သူတွေ ဘက် က ဓာတ်ဆီပုလင်း တွေ လို လက်လုပ်ဗုံး တွေ နဲ့ ပစ်ပေါက် ခဲ့ ကြပြီး ရဲ ကလည်း မျက်ရည်ယို ဗုံး သုံး ဖြိုခွင်း ခဲ့ ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ