အီရန်နဲ့ နျူကလီယာအရေး သဘောတူမှုအပေါ် အိုဘားမား ကာကွယ်

  • 15 ဇူလိုင် 2015
_obama_ ဓာတ်ပုံ မူပိုင်
Image caption အီရန် အနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ် နိုင် စွမ်း ရှိ မလာ ဖို့ ကို တော့ သေချာ စေတယ် လို့ သမ္မတ အိုဘားမား ပြော။

အီရန် နျူကလီ ယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အင်္ဂါ နေ့ က အီရန် နိုင်ငံ နဲ့ အကြား သဘောတူ မှု တစ်ခု ရ အောင် ယူ ထား လိုက် နိုင် တာ ဟာ ပိုမို လုံခြုံ အေးချမ်း နိုင်တဲ့ ကမ္ဘာ ကြီး ဖြစ် လာ ဖို့ တစ်သက် မှာ တစ်ခါ ရခဲ့တဲ့ အခွင့် အရေး ဖြစ်တယ် ဆိုပြီး အမေရိကန် သမ္မတ အိုဘားမား က ပြောပါတယ်။

ရရှိ ခဲ့တဲ့ သဘော တူ ညီ မှု အရ အီရန် ရဲ့ နျူကလီ ယာ ရည်မှန်း ချက် ကို နိုင်ငံ တကာ ကန့်သတ် ထိန်းချုပ် နိုင် မှာ ဖြစ်ပြီး အပြန် အလှန် အနေနဲ့ အီရန် အပေါ် ချမှတ် ထားတဲ့ စီးပွားရေး အရေးယူမှု တွေ ကို ရုတ်သိမ်း ပေး မှာ ဖြစ် ပါတယ်။

အခု သဘော တူညီ မှု က ဒေသတွင်း နဲ့ ကမ္ဘာကြီး အပေါ် ကျရောက် နေတဲ့ အီရန် ရဲ့ ခြိမ်းခြောက်မှု အလုံးစုံ ကို ဖယ်ရှား မပေး နိုင် ပေမယ့် အီရန် အနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ် နိုင် စွမ်း မရှိ ဖို့ ကို တော့ သေချာ စေတယ် ဆိုပြီး တော့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

အိုဘားမား အစိုးရ အနေနဲ့ အခုလို အီရန် နဲ့ သဘောတူ ညီချက် ရယူ ခဲ့တဲ့ အပေါ် အမေရိကန် ပြည် ထောင် စု အတွင်း အတိုက်အခံ ရီပတ်ဘလေကဲန် တွေ က အပြင်းအထန် ဝေဖန် နေသလို အစ္စရေး က လည်း အကြီးအကျယ် မှားယွင်း မှု တစ်ရပ် ပဲ ဆိုပြီး အပြစ်တင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ