ဆိုလာ လေယာဉ် ၂၀၁၆ အထိ ရပ်နားထားရမယ်

  • 15 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန်ကနေ ဟာဝိုင်ယီ အထိ စံချိန်တင် ခရီးကို ပျံသန်းခဲ့။

နေစွမ်းအင်နဲ့ ကမ္ဘာပတ် ခရီးစဉ် ပျံသန်းနေတဲ့ ဆွစ်ဇာလန်က Solar Impulse လေယာဉ်ဟာ သူ့ခရီးစဉ်ကို အခုနှစ်အတွင်း ဆက်လက် ပျံသန်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ဂျပန် ကနေ ဟာဝိုင်ယီကို ပျံသန်းခဲ့တဲ့ နောက်ဆုံး ခရီးစဉ် အတွင်းမှာ လေယာဉ်ရဲ့ ဘက်ထရီတွေ ချို့ယွင်း ထိခိုက်ခဲ့တဲ့အတွက် ပြန်လည် ပြင်ဆင်ဖို့ လနဲ့ချီ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဟာဝိုင်ယီက Kalaeloa လေဆိပ်မှာ Solar Impulse လေယာဉ်ကို ရပ်နားထားပြီး အဲဒီ ပြုပြင်မှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြင်ဆင်မှုတွေ ပြုလုပ်ပြီးခဲ့ရင်လည်း အစမ်းပျံသန်းမှု အချို့ ပြုလုပ်မှာ ဖြစ်ကာ နောင်နှစ် ၂၀၁၆ ခုနှစ် အတွင်းမှသာ သူ့ရဲ့ ကမ္ဘာပတ် ခရီးစဉ်ကို ဆက်လက် ပျံသန်းမှာ ဖြစ်တယ်လို့ အဲဒီ လေယာဉ် အဖွဲ့သားတွေက ပြောပါတယ်။

အဲဒီလို ဆက်လက် ပျံသန်းနိုင်မယ့် အချိန်ဟာ ၂၀၁၆ ဧပြီလ အတွင်းမှာ ဖြစ်နိုင်ပြီး ဟာဝိုင်ယီ ကနေ အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေကို ပျံသန်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ