ဂျပန်က နိုင်ငံခြားမှာ စစ်တိုက်နိုင်မယ့် ဥပဒေတင်

  • 16 ဇူလိုင် 2015
Japan military ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်အင်အားတိုးချဲ့ဖို့ ဝန်ကြီးချုပ်က စိတ်ဝင်စား

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဂျပန် လက်နက်ကိုင် တပ်ဖွဲ့တွေ ရေခြား မြေခြားမှာ သွားပြီး တိုက်ခိုက်ခွင့် ပြုမယ့် လုံခြုံရေး ဥပဒေကြမ်းကို ဂျပန် အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။ ဒီအပြောင်း အလဲကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အဆိုပြု ခဲ့တာ ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်က ပြုလုပ် နေတဲ့ ခြိမ်းခြောက်မှုမျိုး အန္တရာယ် အသစ်တွေကို ရင်ဆိုင် နိုင်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကတော့ ဂျပန်ကို ဝေဖန်လိုက်ပြီး တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေမယ့် အပြုအမူမျိုး မလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ အာဘေးကို ဆန့်ကျင်သူ တွေကတော့ ဒီ အပြောင်းအလဲဟာ ဂျပန်ရဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး အခြေခံဥပဒေကို ဆန့်ကျင် နေတယ်လို့ ဝေဖန် ပါတယ်။

အခုတော့ ဒီဥပဒေကြမ်းကို မစ္စတာ အာဘေးရဲ့ ပါတီက အများစုနေရာ မရထားတဲ့ အထက်လွှတ်တော်မှာ ဆက်ဆွေးနွေး ကြမှာပါ။