နှစ်​ရှည်​ထောင်ဒဏ် ချ​တာ​မျိုး​ကို ပြန်​သုံးသပ်​ဖို့ အို​ဘား​မား တိုက်​တွ​န်း

  • 16 ဇူလိုင် 2015
obama_prison_visi
Image caption အနှစ် ၂၀ နဲ့ အထက် ထောင်ဒဏ် တွေ ချမှတ် တာ မျိုး ဟာ ရာဇဝတ် မှု တွေ ကို ထိရောက် တဲ့ ကိုင်တွယ် ပုံ မျိုး လား ဆိုတာ အာဏာပိုင် တွေ ပြန်လည် သုံးသပ် ကြဖို့ လိုတယ်။

အမေရိကန် ရဲ့ ရာဇဝတ်မှု တရားစီရင် ရေး ကို ပြုပြင် ပြောင်းလဲ နိုင်ဖို့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ အကြမ်းမဖက် တဲ့ အမှု တွေ ကို စီရင် ရာ မှာ ကြီးလေးတဲ့ နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခြင်း လို ကိစ္စ မျိုး ကို ပြန်လည် စဉ်းစား ကြဖို့ အမေရိကန် သမ္မတ အိုဘားမား က တိုက်တွန်း လိုက် ပါတယ်။

အိုကလာဟိုးမား ပြည်နယ် မှာ ရှိတဲ့ ဗဟို အစိုးရ အကျဉ်းထောင် ကို ပထမဆုံး ရာထူး လက်ရှိ သမ္မတ တစ်ဦး အဖြစ် မစ္စတာ အိုဘားမား သွားရောက် ပြီး အခုလို ပြောကြား တာ ဖြစ် ပါတယ်။

အနှစ် ၂၀ နဲ့ အထက် ထောင်ဒဏ် တွေ ချမှတ် တာ မျိုး ဟာ ရာဇဝတ် မှု တွေ ကို ထိရောက် တဲ့ ကိုင်တွယ် ပုံ မျိုး လား ဆိုတာ အာဏာပိုင် တွေ ပြန်လည် သုံးသပ် ကြဖို့ လိုတယ် ဆိုပြီးတော့လည်း သမ္မတ အိုဘားမား က ပြောပါတယ်။

တရားစီရင် ရေး ကို ပြုပြင် ပြောင်းလဲ ခြင်း ဟာ အခွန်ထမ်း ပြည်သူ တွေ ရဲ့ ငွေတွေ ကို သက်သာစေ ပြီး၊ လမ်းတွေ ပေါ် မှာ လည်း ပိုမို လုံခြုံ စိတ်ချ နိုင်ကာ မိသားစု တွေ ပြိုကွဲ တာ ကနေ လည်း တားဆီး နိုင် လိမ့်မယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ကမ္ဘာ့ အကျဉ်းသား ဦးရေ ရဲ့ ၄ ပုံ ၁ ပုံ ဟာ အမေရိကန် အကျဉ်းထောင် တွေ ထဲ မှာ ဖြစ်ပြီး ဒီ အထဲ မှာမှ လူမည်း အကျဉ်းသား တွေ ရဲ့ အချိုးစား အရေအတွက် ဟာ အင်မတန် များပြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ