လေကြောင်း လုံခြုံမှု ပိုမို တင်းကျပ်ဖို့လို

  • 17 ဇူလိုင် 2015
german_wings_aircraft_ ဓာတ်ပုံ မူပိုင် Reuters
Image caption Germanwings လေကြောင်းမှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရ

Germanwings လေကြောင်းလိုင်း အဖြစ်ဆိုးမျိုးနဲ့ ထပ်ပြီး မကြုံတွေ့ရအောင် လုံခြုံရေး အစီအမံတွေကို ပိုမိုတင်းကျပ် ဖို့အတွက် ဥရောပ လေကြောင်းလုံခြုံမှု စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

အဲဒီတုန်းက လေယာဉ်မှူးက လေယာဉ်ကို တမင်တကာ တောင်နဲ့ ဝင်တိုက် ပစ်ခဲ့လို့ လေယာဉ်ပေါ်ပါသူ အကုန် အသက်ဆုံးရှုံး ခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဖွဲ့က လေယာဉ်မှူး တွေကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်သင့်ပြီး ရလဒ်တွေကိုလည်း ဥရောပ တတိုက်လုံးမှာ ဝေမျှထားသင့်တယ်လို့ ဆိုပါတယ်။

နောက်ပြီး မူးယစ်ဆေးနဲ့ အရက်သေစာ သုံးစွဲမှုနဲ့ ပတ်သက်လို့ ရှောင်တခင် စစ်ဆေးဖို့နဲ့ ဆေးစစ်တဲ့ အဖွဲ့တွေ ထားရှိဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

အခုကျင့်သုံးနေတဲ့ တချိန်မှာ အနည်းဆုံးလူ ၂ ယောက် လေယာဉ်မောင်းခန်း ထဲမှာ ရှိနေသင့်တယ် ဆိုတဲ့ စည်းကမ်းကိုလည်း ဆက်လက် ကျင့်သုံးသင့်တဲ့ အကြောင်း ပြောပါတယ်။