ဂရိကို ငွေထပ်ချေးဖို့ စတင်ဆွေးနွေးဖို့ ဂျာမနီပါလီမန် ဆုံးဖြတ်

  • 17 ဇူလိုင် 2015
germany_parliamen ဓာတ်ပုံ မူပိုင် EPA
Image caption ဂရိကို ငွေထပ်ချေးဖို့ ပါလီမန်ဆုံးဖြတ်

ဂရိနိုင်ငံကို ကူညီဖို့အတွက် တတိယအကြိမ် ငွေထုတ်ချေးဖို့ ကိစ္စနဲ့ပတ်သက်လို့ စတင် ညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့ ဂျာမန်အစိုးရကို ပါလီမန်က တာဝန်ပေးလိုက်ပါတယ်။

ပါလီမန်အတွင်း မဲခွဲခဲ့ရာမှာ ၃ ပုံ၂ ပုံက ဆွေးနွေးမှုတွေ လုပ်သွားဖို့အတွက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် အန်ဂလာမာခဲလ်က ဒါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနိုင်ကြောင်းနဲ့ တခြားနည်းလမ်းဆိုရင်လည်း ဂရိမှာ အခြေအနေတွေ ပိုဆိုးလာစေနိုင်ကြောင်းပြောပါတယ်။

ဂျာမန်ဘဏ္ဍာရေး ဝန်ကြီး ဝုဖ့်ဂိုဏ်း ရှာဘဲလ်ကလည်း အစိုးရအနေနဲ့ ဒီအစီအစဉ်တွေ အောင်မြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဂရိကိုနောက်ထပ် ယူရိုဘီလျံ ၈၀ လောက်ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ လနဲ့ချီပြီးဆွေးနွေးမှုတွေ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။