ပြုပြင်ရေးမူကိုဆန့်ကျင်ခဲ့တဲ့ ဂရိဝန်ကြီးတွေကို ဖြုတ်နေပြီ

  • 17 ဇူလိုင် 2015
greece_parliament_demonstration ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရ အသုံးစရိတ် ကို ပမာဏ များများ ဖြတ်တောက် မယ် ဆိုရင် ယူရို ငွေ ၈၆ ဘီလျံ ထပ်မံ ပေးမယ် ဆိုပြီး အီးယူ က ကတိပြု ထား။

ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် ဟာ သူ့ရဲ့ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး နေရာ တွေ ကို အပြောင်းအလဲ တွေ လုပ်ဆောင် နေပါတယ်။

ဂရိ ဘဏ္ဍာရေး ထပ်မံ အကယ်ဆယ် ခံရဖို့ သူ တင်သွင်း ခဲ့တဲ့ စီးပွားရေး ပြုပြင်ရေး မူ အပေါ် ကန့်ကွက်မဲ ပေးခဲ့ ကြတဲ့ ဝန်ကြီး တွေ ကို နေရာ က ဖယ်ရှား ပစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ ပါလီမန် မှာ မဲခွဲ ကြတုန်း ကလည်း ဝန်ကြီးချုပ် ဆီးပရပ်စ် ရဲ့ နိုင်ငံရေး ပါတီ ဆီရီဇာ က အမတ် ၄ပုံ ၁ပုံ ကျော် က ဆန့်ကျင် ခဲ့ကြ ပါတယ်။

ဂရိ အနေနဲ့ ချေးငွေသစ် တွေ ရရှိဖို့ ရာ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ရဲ့ အင်မတန် တင်းကြပ်တဲ့ ကန့်သတ်မှု တွေ ချမှတ် ခံရမှာ ကို အဲဒီ့ ဝန်ကြီးတွေ အမတ် တွေ က မလိုလား ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပါလီမန် ထဲ မဲခွဲ ဆုံးဖြတ် တဲ့ အချိန် မှာတော့ ဝန်ကြီးချုပ် ဆီးပရပ်စ် ရဲ့ ပြုပြင်ရေး မူသစ် တွေ ကို ထောက်ခံမဲ အသာစီး နဲ့ အတည်ပြု ခဲ့ နိုင် ပါတယ်။

ဂျာမနီ ပါလီမန် ကလည်း ဂရိ ဘဏ်တွေ ကို ထပ်မံ ကယ်ဆယ် ဖို့ ခွင့်ပြု လိုက် ပြီ ဖြစ်လို့ အခုဆို ရင် တကယ် လက်တွေ့ လုပ်ဆောင် ကြရတော့ မယ့် ကိစွစတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေး ကြရ တော့ မှာ ဖြစ်ပါတယ်။

ဂရိ နိုင်ငံ မှာ စီးပွားရေး မူတွေ ပြင်ဆင် ပြီး အစိုးရ အသုံးစရိတ် ကို ပမာဏ များများ ဖြတ်တောက် မယ် ဆိုရင် ယူရို ငွေ ၈၆ ဘီလျံ ထပ်မံ ပေးမယ် ဆိုပြီး အီးယူ က ကတိပြု ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ