MH 17 ပစ်ချခံရတာ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ

  • 17 ဇူလိုင် 2015
mh17 anniversary ဓာတ်ပုံ မူပိုင် Reuters
Image caption MH 17 အတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲတွေကျင်းပ

မလေးရှား လေကြောင်းလိုင်းရဲ့ MH 17 ခရီးသည်တင် လေယာဉ် နယ်သာလန် နိုင်ငံကနေ မလေးရှားဆီ ဦးတည် ပျံသန်း လာတုန်း ယူကရိန်း ပေါ်က အဖြတ်မှာ ပစ်ချခံ ခဲ့ရတာ တနှစ်ပြည့် ခဲ့ပါပြီ။

အဲဒါကြောင့် လေယာဉ်ပေါ် ပါသွားခဲ့သူ တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား တွေကို ကမ္ဘာတလွှားမှာ ကျင်းပခဲ့ကြပါတယ်။

အဲ့ဒီတုန်းက လေယာဉ်ပေါ် ပါသွားသူ ၃၀၀ နီးပါးမှာ အများစုဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်လို့ အဓိက အောက်မေ့ဖွယ် အခမ်းအနားကြီးကို နယ်သာလန် နိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။

လေယာဉ် ပစ်ချ ခံခဲ့ရတဲ့ နေရာအနီးက ယူကရိန်းရွာမှာလည်း အောက်မေ့ဖွယ် ဆုတောင်းပွဲကို ကျင်းပခဲ့ကြပြီး ပျက်ကျလာခဲ့တဲ့ နေရာတွေကို သွားပြီးလည်း ဒေသခံတွေက ဆုတောင်းပေးခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ဒီလေယာဉ်ပစ်ချ ခံရတာနဲ့ပတ်သက်လို့ ရုရှားက ထောက်ပံ့ ပေးထားတဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို အပြစ်ဖို့လိုက်ပြီး ကုလသမဂ္ဂ ဘက်ကလည်း အဲဒီ ပြစ်မှုကို ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။