ဖီဖာဒုဥက္ကဌဟောင်းက အပြစ်မရှိဘူးလို့ ထွက်ဆို

  • 18 ဇူလိုင် 2015
_jeffrey_webb ဓာတ်ပုံ မူပိုင် AP
Image caption ဂျက်ဖရီ ဝက်ဘ် ကို အာမခံကြေး ဒေါ်လာ ၁၀ သန်း အတင်ခိုင်းပြီး ပြန်လွှတ်မယ်။

အမေရိကန် နိုင်ငံ နယူးယောက် မြို့ က တရားရုံး တော် မှာ အကျင့်ပျက် ခြစားမှု စွဲချက် တွေ နဲ့ ရင်ဆိုင် နေရတဲ့ ကမ္ဘာ့ဘော်လုံး အဖွဲ့ချုပ် FIFA ရဲ့ ဒုဥက္ကဌ ဟောင်း ဂျက်ဖရီ ဝက်ဘ် က သူ့ မှာ အပြစ် မရှိ ဘူး လို့ ထွက် ဆို ခဲ့ ပါတယ်။

ဂျက်ဖရီ ဝက်ဘ် ကို အာမခံ ကြေး ဒေါ်လာ ၁၀ သန်း နဲ့ ပြန်လွှတ် ပေး မှာ ဖြစ်ပေမယ့် သူ့ရဲ့ သွားလာ လှုပ်ရှားမှု တွေ ကို စောင့်ကြည့် နိုင်ဖို့ အတွက် ခြေရာခံ ပစ္စည်း တပ်ဆင် ပေး လိုက် မှာ ဖြစ် ပါတယ်။

ဒါ့အပြင် တရားရုံး တော် က နေ လက်လှမ်း မီ နိုင်တဲ့ နေရာ မျိုး မှာ ပဲ နေရမယ် ဆိုတဲ့ အကန့်အသတ် လည်း ရှိပါတယ်။

ဖီဖာ မှာ တာဝန် ယူတုန်း က စီးပွားရေး ကုမ္ပဏီ တွေ က ဝယ်ယူ ရတဲ့ ဒေါ်လာ သန်းပေါင်း များစွာ တန်ဖိုး ရှိတဲ့ ကြော်ငြာ အခွင့်အရေး တွေ နဲ့ ပတ်သက်ပြီး ငွေကြေး မသမာ မှု တွေ လုပ်ဆောင် ခဲ့တယ် ဆိုတဲ့ စွဲချက် နဲ့ မစ္စတာ ဝက်ဘ် ကို ဆွစ်ဇာလန် နိုင်ငံ မှာ ဖမ်းဆီး ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် က မှ အမေရိကန် ကို လွှဲပြောင်း ပေးလိုက် တာ ဖြစ်ပါတယ်။

မစ္စတာ ဝက်ဘ် ကို ပြီးခဲ့တဲ့ မေလ တုန်းက ဇူးရစ် မြို့ မှာ ဖမ်းဆီး တုန်း က တခြား FIFA အရာရှိ ၆ ဦး လည်း အဖမ်း ခံခဲ့ ရပါတယ်။

အဲဒီ့ သူတွေ ကတော့ အမေရိကန် ကို လွှဲပြောင်း မပေး အောင် ဆွစ်ဇာလန် နိုင်ငံထဲ မှာပဲ ဥပဒေ ကြောင်း အရ ရင်ဆိုင် နေကြတုန်း ပဲ ရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ