IS အဖွဲ့ဝင်လို့ သံသယရှိသူ ၄၀၀ကျော်ကို ဆော်ဒီဖမ်း

  • 18 ဇူလိုင် 2015
_saudi_arabia_is ဓာတ်ပုံ မူပိုင် saudi IS
Image caption IS အဖွဲ့ဝင် တွေလို့ သံသယရှိသူ တွေကို ဖမ်းနိုင်ဖို့ ဆော်ဒီ လုပ်ဆောင်ခဲ့။

ဆော်ဒီ အာရေဗျ နိုင်ငံ မှာ လတ်တလော လုပ်ဆောင် ခဲ့တဲ့ ဖမ်းဆီးမှု တွေ အတွင်း အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ဝင် အဖြစ် သံသယ ရှိရသူ စုစုပေါင်း အယောက် ၄၃၀ ကျော် ကို ထိန်းသိမ်း လိုက် နိုင် ခဲ့တယ် လို့ ဆော်ဒီ အာဏာပိုင် တွေ က ပြောပါတယ်။

ဆော်ဒီ နိုင်ငံထဲ မှာ မငြိမ်မသက် ဖြစ်အောင် လုပ်ဆောင် ဖို့ IS အနေနဲ့ ကြံရွယ် ထားတဲ့ အစီအစဉ် အတော် များများ ကို တားဆီး နိုင် လိုက် တယ် ဆိုပြီး တော့လည်း ဆော်ဒီ ပြည်ထဲရေး ဌာန က ပြောပါတယ်။

IS က လုပ်ဆောင် ဖို့ ရည်ရွယ် ထားတယ် ဆိုတာ တွေ ထဲ မှာ ဆော်ဒီ နိုင်ငံ ထဲက နိုင်ငံတကာ သံတမန် တွေ ကို ပစ်မှတ် ထား တိုက်ခိုက် မှာ မျိုး အပါအဝင် ဆော်ဒီ အစိုးရ လုံခြုံရေး အဖွဲ့ဝင် တွေ ကို သတ်ဖြတ် ဖို့ နဲ့ ပလီ ဝတ်ကျောင်း တွေ မှာ အသေခံ ဗုံးခွဲဖို့ ကိစ္စ မျိုး တွေ ပါဝင် တယ် လို့လည်း ဆို ပါတယ်။

မေလတုန်း က ဆော်ဒီ အာရေဗျ နိုင်ငံ အရှေ့ဘက် ခြမ်း က ရှီအာ မွတ်ဆလင်မ် ပလီ နှစ်လုံး ကို ဗုံးခွဲ တိုက်ခိုက် ခဲ့ တာ ဟာ သူတို့ လက်ချက် ဖြစ်တယ် လို့ IS အဖွဲ့ က ပြောထား ပါတယ်။ အဲဒီ့ တုန်းက လူ စုစုပေါင်း ၂၅ ဦး သေဆုံး ခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ