ကင်ညာက Westgate ကုန်တိုက် ပြန်ဖွင့်ပြီ

  • 18 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကုန်တိုက်ကို သူပုန်တွေ ၄ ရက်ကြာ ဝင်စီးခဲ့ကြ

ကင်ညာ နိုင်ငံမြို့တော် နိုင်ရိုဘီမှာ လွန်ခဲ့တဲ့ ၂နှစ် တုန်းက အယ်လ်ရှာဘတ်ဘ် ဆိုမာလီ အစ္စလာမ္မစ် အုပ်စု က ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့တဲ့ Westgate ကုန်တိုက်ကြီး ကို အခုအခါ အများပြည်သူ အတွက် ပြန်လည် ဖွင့်လှစ် ပေးလိုက်ပါပြီ။

နိုင်ရိုဘီမြို့တော် အုပ်ချုပ်ရေးမှူး Evans Kidero က ဖဲကြိုးနီ ကို ဖြတ်ပြီး ဖွင့်လှစ် ပေးခဲ့ရာမှာ စျေးဝယ်သူတွေဟာ ကုန်တိုက် အပြင်မှာ တန်းစီ စောင့်ဆိုင်း နေခဲ့ကြပါတယ်။

မစ္စတာ Evans Kidero က ကင်ညာ လူမျိုးတွေရဲ့ အကောင်းမြင်မှု၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ တပါးသူရဲ့ လွှမ်းမိုးတာကို မခံတဲ့စိတ်ဓါတ် တွေကြောင့် ဒီကုန်တိုက်ကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တယ် လို့ ပြောသွား ခဲ့ပါတယ်။

ကုန်တိုက် ထဲကို မဝင်ခင် လူတိုင်းကို ရှာဖွေ စစ် ဆေးမှုတွေ လုပ်ပါတယ်။

ရှေ့လာမယ့် သီတင်းပတ်မှာ အမေရိကန် သမ္မတ အိုဘားမားလည်း ကင် ညာကို လာရောက်ဖို့ ရှိပြီး ဒါဟာ ကင်ညာ နိုင်ငံရဲ့လုံခြုံရေး ဆောင်ရွက်မှု အပေါ် ယုံ ကြည်မှု တိုးပွား လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။