ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးသူတွေ ကို ရုံးတင်ဖို့ ကုလ ကြိုးပမ်း

  • 19 ဇူလိုင် 2015
Timbuktu
Image caption Timbuktu က ဗလီ တခု

မာလီမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်တဲ့ တင်မဘတ်ခတူ သင်္ချိုင်းဂူ တွေ ကို ဖျက်ဆီးပစ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး အရေးယူ စုံစမ်းဖို့ ယူနက်စကို က နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

ယူနက်စကို ရဲ့ ညွှန်ကြားရေးမှူးချုပ် အက်ရီနာ ဗိုကိုဗာ က တင်မဘတ်ခတူ ကို ရောက်ရှိစဉ် ပြောကြားရာမှာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ကို ဖျက်ဆီးတာ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်မှုမြောက်တယ် လို့ ထည့်သွင်း ပြောသွား ပါတယ်။

ဒီ သင်္ချိုင်းဂူ အဆောက်အအုံတွေဟာ ၁၅ ရာစု ၊ ၁၆ ရာစု ကာလတွေ အတွင်း ကဆောက်လုပ်ခဲ့တာပါ။

အစ္စလာမ်မစ်တွေ ကို အဲဒီ အရပ်ကနေ မောင်းနှင်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ် က စလို့ ဒေသတွင်း ဗိသုကာ ပညာရှင်တွေ က ဒီအဆောက်အအုံတွေ ကို ရနိုင်သလောက် ပြန်တည်ဆောက် နေကြပါတယ်။