တင်မ်​ဘာ့တူး ရှေး​သင်္ချိုင်း​ကြီး​တွေ ပြန်​ဖွင့်​နိုင်​ပြီ

  • 19 ဇူလိုင် 2015
_timbuktu_mausoleum_after_rebuild ဓာတ်ပုံ မူပိုင် AP
Image caption မြို့တော် ကို စတင် တည် ထောင် ခဲ့တဲ့ ၁၃ ရာစု၊ ၁၄ ရာစု နဲ့ ၁၅ ရာစု က သူတွေ ကို အလေး အမြတ် ပြုရာ နေရာ တွေ အဖြစ် သတ်မှတ် ထား။

မာလီ နိုင်ငံ တင်မ်ဘာ့တူး မြို့ မှာ လွန်ခဲ့တဲ့ ၃ နှစ် ကျော် က အစ္စလာမ်မစ် လက်နက်ကိုင် တွေ ဖျက်စီး ခဲ့တဲ့ ကမ္ဘာကျော် ယဉ်ကျေးမှု အမွေအနှစ် ရှေးသင်္ချိုင်း ကြီး တွေ ကို ကုလသမဂ္ဂ အစီအစဉ် နဲ့ ပြန် လည် ပြင်ဆင် နေခဲ့တာ ပြီးဆုံးခဲ့ ပြီ ဖြစ်လို့ ပြန်လည် ဖွင့်လှစ် နိုင်လိုက် ပါပြီ။

တင်မ်ဘာ့ဂ်တူး မြို့ ရဲ့ မဲမှောင် ခဲ့ရတဲ့ အတိတ်ကြောင်း ကနေ ပြန်လည် လွတ်မြောက် လာပြီ လို့ ဖွင့်ပွဲ အခမ်းအနား မှာ မြို့တော်ဝန် က ပြောပါတယ်။

အဲဒီ့ ရှေးသင်္ချိုင်း ကြီး ဟာ မြို့တော် ကို စတင် တည် ထောင် ခဲ့တဲ့ ၁၃ ရာစု၊ ၁၄ ရာစု နဲ့ ၁၅ ရာစု က သူတွေ ကို အလေး အမြတ် ပြုရာ နေရာ တွေ အဖြစ် သတ်မှတ် ထား ခဲ့ တာပါ။

ဒါပေမယ့် ၂၀၁၂ ခုနှစ် တုန်းက မာလီ မြောက်ပိုင်း ကို အစ္စလာမ်မစ် လက်နက်ကိုင် တွေ သိမ်းပိုက် ခဲ့တုန်းက တင်မ်ဘာ့ဂ်တူး မြို့ က ရှေးသင်္ချိုင်း ကြီး တွေ ကို ရုပ်တုရုပ်ပွား ကိုးကွယ်ရာ နေရာ တွေ အဖြစ် သတ်မှတ် ပြီး ဖျက်စီး ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှေး ပလီ ဝတ်ကျောင်းတော် တွေ၊ ရှေး လက်ရေး စာမူ တွေ လည်း အဖျက်စီး ခံခဲ့ ရပါတယ်။

မာလီ မြို့ က ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တွေ ကို ပြန်လည် ထိန်းသိမ်း မွမ်းမံ နိုင်ရေး အတွက် နောက်ထပ် ဒေါ်လာ ၈ သန်း လောက် လိုအပ် နေတုန်း ပဲ လို့ ယူနက်စကို အဖွဲ့ ရဲ့ အကြီးအကဲ အီရီးနား ဘော့ကိုဘာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ