အေ​ဒင်​မှာ လက်နက်​ကြီး​ဒဏ်​ကြောင့် အရပ်သား​တွေ သေဆုံး

  • 19 ဇူလိုင် 2015
yemen_
Image caption ဟူသီ တွေ ရဲ့ ခြေကုပ် အဖြစ် နောက်ဆုံး ကျန် နေတဲ့ တာဝါရီ ကျွန်းဆွယ် စခန်း ကို ယီမင် အစိုးရ ကို လိုလား တဲ့ တပ် တွေ က သိမ်းပိုက် ဖို့ တစ်ညလုံး ကြိုးစား ခဲ့ပေမယ့် မအောင် မြင်။

ယီမင် နိုင်ငံ တောင်ပိုင်း က ဆိပ်ကမ်းမြို့ အေဒင်မှာ ၂၄ နာရီ လုံးလုံး တိုက်ပွဲ အပြင်းအထန် ဖြစ် ခဲ့ ပါတယ်။

မြို့ရဲ့ မြောက်ဘက် ဆင်ခြေဖုံး အရပ် မှာ နေရာယူ ထားတဲ့ ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ ပစ်ခတ် တဲ့ လက်နက် ကြီး ကျည် တွေ ကြောင့် အရပ်သား အနည်းဆုံး ၄၃ ဦး သေဆုံး ခဲ့ရတယ် လို့ အဲဒီ မှာ ရှိနေတဲ့ ကျန်းမာရေး ဝန်ထမ်း တွေ ဆီက လာတဲ့ သတင်းတွေ က ဆိုပါတယ်။

အေဒီ မြို့ထဲ မှာ ဟူသီ တွေ ရဲ့ ခြေကုပ် အဖြစ် နောက်ဆုံး ကျန် နေတဲ့ တာဝါရီ ကျွန်းဆွယ် စခန်း ကို ယီမင် အစိုးရ ကို လိုလား တဲ့ တပ် တွေ က သိမ်းပိုက် ဖို့ တစ်ညလုံး ကြိုးစား ခဲ့ပေမယ့် မအောင် မြင် ခဲ့ ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ် က စလို့ ဆော်ဒီအာရေးဗျ ကနေ ကျောထောက် နောက်ခံ ပြုထားတဲ့ တပ်တွေ ဟာ ဟူသီ သူပုန် တွေ အပေါ် အောင် ပွဲ တွေ ရလာ တာ မှာ အဝေးရောက် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တချို့ လည်း မြို့ ကို စတင် ပြန် ဝင် လာ နိုင် ကြ ပါတယ်။

ဒါပေမယ့် သမ္မတ ဟာဒီ ကိုယ်တိုင် ကတော့ ဆော်ဒီအာရေဗျ ထဲ မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ