ဖီဖာ ပြုပြင်ပြောင်းလဲရေး ဘလက်တာ ကြေညာ

  • 20 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင်
Image caption သတင်းစာ ရှင်းလင်းပွဲ ခေတ္တရပ်ခဲ့ရ

အဂတိ လိုက်စားမှု စွပ်စွဲချက် တွေနဲ့ ကြုံတွေ့ နေရတဲ့ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် မှာ ပြုပြင် ပြောင်း လဲမှု အတော် များများ ဆောင်ရွက် သွားမယ်လို့ ဖီဖာ ဥက္ကဌ ဆက်ဘလက်တာ ကပြော ပါတယ်။

ဖီဖာ ထိပ်တန်း ရာထူး တွေ အတွက် သက်တမ်း ကန့်သတ်ချက် နဲ့ အဲဒီနေရာ တွေမှာ တာဝန်ယူ သူတွေ ရဲ့ နောက်ကြောင်း ကိုစစ်ဆေး ဖို့တွေ ပါဝင်ပါတယ်။

စောစောပိုင်း ကသတင်းစာ ရှင်းလင်းပွဲမှာ ဗြိတိသျှ ဟာသ ပညာရှင် တဦးက မစ္စတာ ဘလက်တာ ရဲ့ခေါင်း ပေါ်မှာ ငွေစက္ကူ အတုတွေ ကြဲချ ခဲ့လို့ အဲဒီ ပွဲကို ခေတ္တရပ်နား ခဲ့ရ ပါတယ်။

ဖီဖာ ဥက္ကဌ သစ်ကို လာမယ့် ဖေဖော်ဝါရီလ မှာရွေးကောက် တင်မြှောက်မှာ ဖြစ်ပါတယ်။