တူရကီပေါက်ကွဲမှု လူ ၂၈ ဦးသေဆုံး

  • 20 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လူငယ်တွေ ဆွေးနွေးနေစဉ် ပေါက်ကွဲခဲ့

တူရကီ နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆီးရီးယား နယ်စပ်မှာ ရှိတဲ့ Suruc မြို့မှာ ပေါက်ကွဲမှု တခုဖြစ်လို့ အနည်းဆုံးလူ ၂၈ ဦး သေဆုံး သွားပါတယ်။

အခြားလူ ၁၀၀ လောက် လည်းဒဏ်ရာရကြတယ်လို့သတင်းတွေကဆိုပါတယ်။

ပေါက်ကွဲမှုဟာ ယဉ်ကျေးမှု ဆိုင်ရာ ဌာန တခုရဲ့ အလယ်မှာ ရှိတဲ့ ပန်းခြံထဲမှာ ဖြစ်ခဲ့တာလို့ တူရကီ အစိုးရ အရာရှိတဦး ကဆိုပါတယ်။

Suruc မြို့ဟာ ဆီးရီးယား ဖက်ခြမ်းမှာ ကာ့ဒ်လက်နက်ကိုင် တွေနဲ့ အစ္စလာမ္မစ် နိုင်ငံလို့ ကိုယ့်ကိုကိုယ် ခေါ်ကြတဲ့ IS အဖွဲ့တွေ ကြား အပြင်းအထန် တိုက်ခိုက်ခဲ့ ကြတဲ့ ကိုဘာနီမြို့ တဖက်ခြမ်း တူရကီ ပိုင်နက် ထဲမှာရှိတဲ့မြို့ ဖြစ်ပါတယ်။

ကိုဘာနီ မြို့ပြန်လည် ထူထောင်ရေး အတွက် တူရကီ နဲ့ ကာ့ဒ် လူငယ်တွေ ဆွေးနွေး နေတုန်း တိုက်ခိုက်ခံရ တာဖြစ် ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာ မီးလောင် ခဲ့တယ်လို့ မျက်မြင် သက်သေ တွေ ကပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ချိန်မှာ အနီးအနားမှာ ရှိနေခဲ့တဲ့ သတင်းထောက် Shams Shahin က ပေါက်ကွဲ သံ အကျယ်ကြီး ကြားခဲ့ရ ပြီး အဲဒီနေရာကို သွားကြည့်တော့ အလောင်းတွေ နဲ့ ဒဏ်ရာ ရသူတွေ အများကြီး တွေ့ခဲ့ရတယ် လို့ပြော ပါတယ်။