တူရကီ​နယ်စပ်​မြို့​မှာ အသေခံ​ဗုံးခွဲ

  • 20 ဇူလိုင် 2015
_turkeyblast
Image caption ကိုဘာနီ မြို့ ပြန်လည် ထူထောင် တည်ဆောက် ရေး နဲ့ ပတ်သက်ပြီး တာ့ခ် လူမျိုးစု နဲ့ ကာ့ဒ် လူမျိုး စု ဝင် လူငယ် လေး တွေ ဆွေးနွေး နေကြတုန်း အတိုက်အခိုက် ခံရ။

တူရကီ နိုင်ငံ မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် မှု ဖြစ် ပေါ် ခဲ့ ပြီး အနည်းဆုံး အယောက် ၃၀ သေဆုံးပြီးနောက်ထပ် ၁၀၀ ဝန်းကျင် လောက်လည်း ဒဏ်ရာ ရရှိ သွားပါတယ်။

ဆီးရီးယား ထဲ က ကိုဘာနီ မြို့ နဲ့ နယ်စပ်ချင်း ကပ် နေတဲ့ ဆိုရူ့ချ် လို့ ခေါ်တဲ့ မြို့ မှာ ပေါက်ကွဲ ခဲ့တာ ပါ။

ကိုဘာနီ မြို့ ပြန်လည် ထူထောင် တည်ဆောက် ရေး နဲ့ ပတ်သက်ပြီး တာ့ခ် လူမျိုးစု နဲ့ ကာ့ဒ် လူမျိုး စု ဝင် လူငယ် လေး တွေ ဆွေးနွေး နေကြတုန်း အခုလို အတိုက်ခိုက် ခံ လိုက် ရတာ ဖြစ် ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ရဲ့ လက်ချက် ဖြစ်မယ် ဆိုပြီး တူရကီ အာဏာပိုင် တွေ က ပြောနေ ပါတယ်။

ဒီ ပေါက်ကွဲ မှု မှာ တူရကီ နိုင်ငံထဲ ပေါ်ပေါက် ခဲ့သမျှ အလားတူ တိုက်ခိုက် မှု တွေ ထဲ အပြင်းထန် ဆုံး ဖြစ်ပြီး၊ တူရကီ အစိုး ရ အနေ နဲ့ IS အဖွဲ့ အပေါ် သဘောထား ပိုမို တင်းတင်းမာမာ ထားလာ ခဲ့တဲ့ နောက် ဖြစ် ပေါ် လာ ခဲ့တာပါ။

အရင်တုန်း ကတော့ IS တွေ ရဲ့ လှုပ်ရှားမှု ကို တူရကီ အစိုးရ က မသိ ကျိုးကျွံ ပြု ထားတယ် ဆိုတဲ့ ဝေဖန် မှု တွေ ရှိခဲ့ ရုံမက၊ IS အဖွဲ့ ကို လက်နက် ထောက်ပံ့ နေတယ် ဆိုပြီး တော့ တောင် တူရကီ အစိုးရ အပေါ် စွပ်စွဲ မှု တွေ ရှိ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ