တူရကီ နယ်စပ်မြို့မှာ ဗုံးခွဲတိုက်ခိုက်၊ ၂၈ ဦး သေဆုံး

  • 20 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ရာနဲ့ချီတဲ့ လူငယ်တွေ စုဝေး ရောက်ရှိနေစဉ် ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရ။

တူရကီ နိုင်ငံအတွင်း ဆီးရီးယား နယ်စပ်အနီးက Suruc မြို့မှာ အသေခံ ဗုံးခွဲမှုလို့ ယူဆရတဲ့ တိုက်ခိုက်မှု တစ်ခုကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး အယောက် ၁၀၀ နီးပါး ဒဏ်ရာ ရသွားတယ်လို့ သိရှိရပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဆူးရက်ခ် မြို့က ယဉ်ကျေးမှု စင်တာရဲ့ ဥယျာဉ်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ အဲဒီ ဥယျာဉ်မှာ ဆီးရီးယား ဘက်ခြမ်းက ကိုဘာနီမြို့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ ရာနဲ့ချီတဲ့ လူငယ်တွေ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ပြုလုပ်ခဲ့တာလို့ အစောပိုင်း အထောက်အထားတွေက ညွှန်ပြနေကြောင်း တူရကီ အရာရှိတွေက ပြောပါတယ်။

ဆူးရက်ခ် မြို့ဟာ ကာဒစ်ရှ် တပ်ဖွဲ့တွေနဲ့ IS စစ်သွေးကြွတွေ အကြား ဖြစ်ပွားခဲ့တဲ့ ကိုဘာနီမြို့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အများအပြား ခိုလှုံရာမြို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ